YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာ​လံ 142:3-6

ဆာ​လံ 142:3-6 BCL

ငါ​သည်​လက်​လျှော့​စိတ်​ပျက်​သော​အ​ခါ​၌ ငါ​သွား​ရာ​လမ်း​ကို​ကိုယ်​တော်​သိ​တော်​မူ​ပါ​၏။ ငါ​လျှောက်​ရာ​လမ်း​တွင်​ရန်​သူ​တို့​သည်​ငါ​၏ အ​တွက် ထောင်​ချောက်​ကို​ထောင်​ထား​ကြ​၏။ ငါ​၏​အ​နီး​သို့​ကြည့်​လိုက်​သော​အ​ခါ​ကူ​မ မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။ ကာ​ကွယ်​စောင့်​ရှောက်​မည့်​သူ​တစ်​ယောက်​မျှ​မ​ရှိ။ အ​ဘယ်​သူ​မျှ​ငါ့​ကို​ဂ​ရု​မ​စိုက်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​သည် အ​ထံ​တော်​သို့​ဟစ်​အော်​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ ဤ​ဘ​ဝ​တွင်​ကိုယ်​တော်​ရှင်​တစ်​ပါး​တည်း​သာ လျှင် ကျွန်​တော်​မျိုး​တောင့်​တ​ပါ​၏။ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို နား​ထောင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​အ​လွန်​စိတ်​ပျက် အား​လျော့​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​ထက်​များ​စွာ​ခွန်​အား​ကြီး​မား သော ရန်​သူ​များ​၏​လက်​မှ​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။