ဆာလံ 20
20
အောင်ပွဲရရန်ဆုတောင်းပတ္ထနာ#* ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသောဆာလံ
1ဒုက္ခရောက်စဉ်အခါအရှင်မင်းကြီး၏ ပတ္ထနာကို
ထာဝရဘုရားသည်နားညောင်းတော်မူ ပါစေသော။
ယာကုပ်ကိုးကွယ်သောဘုရားသခင်သည် အရှင်မင်းကြီးအား
ကွယ်ကာစောင့်ထိန်းတော်မူပါစေသော။
2ကိုယ်တော်သည်အရှင်မင်းကြီးအားဗိမာန် တော်ထဲက အကူအညီပေးတော်မူပါစေသော။
ဇိအုန်တောင်တော်ပေါ်မှအထောက်အကူ ပေးတော်မူပါစေသော။
3ကိုယ်တော်သည်အရှင်မင်းကြီး၏ပူဇော် သကာ ရှိသမျှကိုလက်ခံတော်မူလျက်
မီးရှို့ရာယဇ်အပေါင်းကိုလည်းနှစ်သက် တော်မူပါစေသော။
4အရှင်မင်းကြီး၏လိုအင်ဆန္ဒကိုပြည့်ဝစေ တော်မူ၍
အကြံအစည်ရှိသမျှတို့ကိုလည်းအောင် မြင်စေရန် ကူမတော်မူပါစေသော။
5ထိုအခါကျွန်တော်မျိုးတို့သည်အရှင်မင်း ကြီး၏
အောင်ပွဲအတွက်ရွှင်လန်းဝမ်းမြောက်စွာ ကြွေးကြော်ကြပါလိမ့်မည်။
ထာဝရဘုရားအားထောမနာပြုလျက် အရှင် မင်းကြီး၏အောင်ပွဲကိုဆင်နွှဲကြပါလိမ့်မည်။
ဘုရားသခင်သည်အရှင်မင်းကြီးတောင်း လျှောက် သမျှကိုပေးသနားတော်မူပါစေသော။
6ထာဝရဘုရားသည်မိမိဘိသိက်ပေးတော် မူသော
ဘုရင်အားစစ်ပွဲနိုင်စေတော်မူကြောင်းကို ယခုငါသိ၏။
ကိုယ်တော်သည်မင်းကြီး၏ပန်ကြားချက်ကို သန့်ရှင်း မြင့်မြတ်သည့်ကောင်းကင်ဘုံမှကြားတော်မူ၍
တန်ခိုးတော်ဖြင့်မင်းကြီးအားအောင်ပွဲကြီး များကို ပေးတော်မူ၏။
7အချို့သောသူတို့သည်မိမိတို့၏ စစ်ရထားများကိုလည်းကောင်း၊
မြင်းများကိုလည်းကောင်းအားကိုးကြ၏။
သို့ရာတွင်ငါတို့မူကားငါတို့၏ဘုရားသခင် ထာဝရဘုရားကိုအားကိုးကြ၏။
8ထိုသူတို့သည်ခြေချော်၍လဲကြလိမ့်မည်။
ငါတို့မူကားထ၍ကြံ့ကြံ့ခိုင်ရပ်တည်ကြ လိမ့်မည်။
9အို ထာဝရဘုရား၊ မင်းကြီးအားအောင်ပွဲကိုပေးတော်မူပါ။
ကျွန်တော်မျိုးတို့ခေါ်သောအခါထူးတော်မူပါ။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 20: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar

: