YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာ​လံ 24

24
ကြီး​မြတ်​သည့်​ဘု​ရင်#* ဟေ​ဗြဲ​ခေါင်း​စဉ်။ ဒါ​ဝိဒ်​စပ်​ဆို​သော​ဆာ​လံ။
1လော​က​နှင့်​လော​က​တွင်​ရှိ​သ​မျှ​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊
ကမ္ဘာ​မြေ​ကြီး​နှင့်​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်
ရှိ​သ​မျှ​သော​လူ​သတ္တ​ဝါ​တို့​ကို​လည်း​ကောင်း ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​၏။#၁ကော၊ ၁၀:၂၆။
2ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​မြေ​အောက် ရေ​နက်​ရာ​အ​ရပ်​၌​အုတ်​မြစ်​ချ​တော်​မူ​၏။
နက်​ရှိုင်း​သော​သ​မုဒ္ဒ​ရာ​များ​အ​ထဲ​တွင်​အ​ခြေ စိုက်​၍ တည်​ဆောက်​တော်​မူ​၏။
3ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​ပေါ်​သို့ တက်​နိုင်​မည့်​သူ​ကား​အ​ဘယ်​သူ​နည်း။#* ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်။ ဗိ​မာန်​တော်​တည်​ဆောက်​ရာ​တောင်​တော် ဖြစ်​သည်။
ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန်​တော်​သို့ ဝင်​နိုင်​မည့်​သူ​ကား​အ​ဘယ်​သူ​နည်း။
4အ​ကျင့်​သီ​လ​ကောင်း​၍​စိတ်​နှ​လုံး​ဖြူ​စင်​လျက်
အ​ခြား​ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​သူ၊လိမ် လည်​၍ သစ္စာ​က​တိ​မ​ပျက်​တတ်​သူ​ဖြစ်​ပါ​၏။#မ၊ ၅:၈။
5ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​အား​ကောင်း​ချီး ပေး​၍ ကယ်​တင်​တော်​မူ​လိမ့်​မည်။
ထို​သူ​သည်​အ​ပြစ်​ကင်း​သူ​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​သည်​ကြေ​ညာ​တော်​မူ လိမ့်​မည်။
6ထို​ကဲ့​သို့​သော​သူ​များ​ကား​ဘု​ရား​သ​ခင်​ထံ တော်​သို့ ချဉ်း​ကပ်​သူ​များ၊
ယာ​ကုပ်​၏​ဘု​ရား​ကို​ကိုး​ကွယ်​ဝတ်​ပြု​ကြ သူ​များ​ပေ​တည်း။
7မြို့​တံ​ခါး​တို့​ကို​ကျယ်​စွာ​ဖွင့်​လိုက်​ကြ။ ရှေး​ဟောင်း​တံ​ခါး​တို့​ကို​ဖွင့်​လိုက်​ကြ။
ကြီး​မြတ်​တော်​မူ​သော​ရှင်​ဘု​ရင်​ဝင်​တော်​မူ မည်။
8ထို​ကြီး​မြတ်​တော်​မူ​သော​ရှင်​ဘု​ရင်​ကား အ​ဘယ်​သူ​နည်း။
ထို​အ​ရှင်​ကား​တန်​ခိုး​စွမ်း​ရည်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊
စစ်​ပွဲ​တွင်​အောင်​မြင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။
9မြို့​တံ​ခါး​တို့​ကို​ကျယ်​စွာ​ဖွင့်​လိုက်​ကြ။ ရှေး​ဟောင်း​တံ​ခါး​တို့​ကို​ဖွင့်​လိုက်​ကြ။
ကြီး​မြတ်​တော်​မူ​သော​ရှင်​ဘု​ရင်​ဝင်​တော် မူ​မည်။
10ထို​ကြီး​မြတ်​တော်​မူ​သော​ရှင်​ဘု​ရင်​ကား အ​ဘယ်​သူ​နည်း။
ကြီး​မြတ်​တော်​မူ​သော​ရှင်​ဘု​ရင်​ကား​စစ်​ပွဲ တွင် အောင်​မြင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ပေ​တည်း။

လက်ရှိရွေးချယ်ထားမှု

ဆာ​လံ 24: BCL

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ