၁ ကောရိန္သု 5:11
၁ ကောရိန္သု 5:11 Judson Bible (JBMLE)
ယခုမူကား ညီအစ်ကိုဟု ခေါ်ဝေါ်သောသူသည် မတရားသော မေထုန်၌မှီဝဲခြင်း၊ လောဘလွန်ကျူးခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ ဆဲရေးကဲ့ရဲ့ခြင်း၊ သေရည်သေရက်နှင့် ယစ်မူးခြင်း၊ အနိုင်အထက်လုယူခြင်းမှစ၍၊ ထိုသို့သောအမှုကို ပြုသောသူနှင့် မပေါင်းဖော်ရသည်သာမက၊ ထိုသူနှင့်အတူ စားသောက်ခြင်းကိစ္စကိုမျှမပြုရဟု ငါရေးထား၍ ပညတ်၏။
၁ ကောရိန္သု 5:11 Common Language Bible (BCL)
မိမိကိုယ်ကိုညီအစ်ကိုဟုဆိုလျက် ကာမ ဂုဏ်လိုက်စားသူများ၊ လောဘလွန်ကူးသူ များ၊ ရုပ်တုဆင်းတုကိုကိုးကွယ်သူများ၊ သူ တစ်ပါးအသရေကိုဖျက်သူများ၊ သေသောက် ကြူးသူများ၊ သူခိုးများဖြစ်သူတို့ကိုဆို လို၏။ ထိုလူစားမျိုးနှင့်အတူစားသောက် ခြင်းကိုပင်မပြုကြနှင့်။
၁ ကောရိန္သု 5:11 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သို့သော် အမှန်အားဖြင့် သင်တို့ထံ ငါရေးခဲ့သည်မှာ ညီအစ်ကိုဟုခေါ်ဝေါ်ခြင်းခံရသူတစ်စုံတစ်ဦးသည် တရားနှင့်မညီမေထုန်ပြုသူ၊ လောဘလွန်ကျူးသူ၊ ရုပ်တုကိုးကွယ်သူ၊ ဝေဖန်ပုတ်ခတ်သူ၊ သောက်စားမူးယစ်သူ၊ လိမ်လည်လုယူသူဖြစ်လျှင် ထိုကဲ့သို့သောသူနှင့် အပေါင်းအဖော်မပြုကြနှင့်။ သူနှင့်အတူစားသောက်ခြင်းပင် မပြုကြနှင့်ဟူ၍ဖြစ်၏။