၁ ကောရိန္သု 6:12
၁ ကောရိန္သု 6:12 Judson Bible (JBMLE)
ငါသည် အပြစ်မသင့်ဘဲလျက် ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ဘဲလျက် ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည်မှန်စေတော့။ အဘယ်အမှုအရာ၌မျှ ငါသည်ကျွန်မခံ။
၁ ကောရိန္သု 6:12 Common Language Bible (BCL)
သင်တို့က``ငါတို့သည်အဘယ်အမှုကိုမဆို ပြုနိုင်ခွင့်ရှိ၏'' ဟုဆိုကြလိမ့်မည်။ သင်တို့ ဆိုသည်အတိုင်းမှန်ပေ၏။ သို့သော်အရာ ခပ်သိမ်းသည် သင်တို့အဖို့အကျိုးမရှိနိုင်။ ငါသည်အဘယ်အမှုကိုမဆိုပြုပိုင်ခွင့် ရှိသည်ဟုဆိုနိုင်သော်လည်း အဘယ်အမှု ကမျှငါ့အား၎င်း၏ကျွန်ဖြစ်စေရန်ငါ အခွင့်ပေးလိမ့်မည်မဟုတ်။
၁ ကောရိန္သု 6:12 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါသည် ခပ်သိမ်းသောအမှုအရာတို့ကို ပြုခွင့်ရှိ၏။ သို့သော် အမှုအရာအားလုံးသည် အကျိုးရှိသည်မဟုတ်။ ငါသည် ခပ်သိမ်းသောအမှုအရာတို့ကို ပြုခွင့်ရှိ၏။ သို့သော် မည်သည့်အမှုအရာ၏စိုးမိုးခြင်းကိုမျှ ငါခံမည်မဟုတ်။