၁ ရှင်ယောဟန် 5:1-12
၁ ရှင်ယောဟန် 5:1-12 Judson Bible (JBMLE)
ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည်ကို ယုံကြည်သောသူမည်သည်ကား၊ ဘုရားသခင်ဖြစ်ဖွားစေတော်မူသောသူဖြစ်၏။ အဘကိုချစ်သောသူသည် သားကိုလည်း ချစ်တတ်သည်နှင့်အညီ၊- ငါတို့သည် ဘုရားသခင်ကိုချစ်၍၊ ပညတ်တော်တို့ကို စောင့်ကြလျှင်၊ ဘုရားသခင်၏သားတို့ကို ချစ်ကြသည်ကို ငါတို့သိရကြ၏။- ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။- ဘုရားသခင်၏သားဖြစ်သောသူ မည်သည်ကား၊ လောကကို အောင်တတ်၏။ လောကကို အောင်ခြင်းအကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်းပေတည်း။- ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ယုံကြည်သောသူမှတစ်ပါး၊ အဘယ်သူသည် လောကကို အောင်နိုင်သနည်း။ ထိုသခင်ကား၊ ရေအားဖြင့်လည်းကောင်း၊ အသွေးအားဖြင့်လည်းကောင်း ကြွလာသောသူတည်းဟူသော ယေရှုခရစ်ပေတည်း။ ရေအားဖြင့်သာမဟုတ်၊ ရေအားဖြင့်လည်းကောင်း၊ အသွေးအားဖြင့်လည်းကောင်း ကြွလာတော်မူ၏။ သက်သေခံဟူမူကား၊ ဝိညာဉ်တော်သည် သမ္မာတရားဖြစ်၍ သက်သေခံတော်မူ၏။- သို့ဖြစ်လျှင်၊ ကောင်းကင်ဘုံ၌ ခမည်းတော်တစ်ပါး၊ နှုတ်ကပတ်တော်တစ်ပါး၊ သန့်ရှင်းသော ဝိညာဉ်တော်တစ်ပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။- မြေကြီးပေါ်၌လည်း ဝိညာဉ်တော်တစ်ပါး၊ ရေတစ်ပါး၊ အသွေးတစ်ပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီတညွတ်တည်း ဖြစ်၏။- လူ၏သက်သေကို ယုံရလျှင်၊ ဘုရားသခင်၏ သက်သေတော်ကို သာ၍ ယုံဖွယ်ရာအကြောင်းရှိ၏။ ယခုဆိုခဲ့ပြီးသော သက်သေကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းကို သက်သေခံတော်မူချက် ဖြစ်သတည်း။- ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူသည်၊ မိမိအထဲ၌ ထိုသက်သေကိုရ၏။ ဘုရားသခင်ကို မယုံကြည်သောသူမူကား၊ ဘုရားသခင်ကို မုသားအပြစ်တင်၏။ အဘယ်သို့နည်း ဟူမူကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းမှာ သက်သေခံတော်မူသောစကားတော်ကို ထိုသူသည် မယုံဘဲနေ၏။- သက်သေခံတော်မူချက် ဟူမူကား၊ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။- သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကို မရသောသူမူကား အသက်ကိုမရ။
၁ ရှင်ယောဟန် 5:1-12 Common Language Bible (BCL)
သခင်ယေရှုသည်မေရှိယဖြစ်တော်မူကြောင်းကို ယုံကြည်သောသူသည် ဘုရားသခင်၏သားသမီး ဖြစ်၏။ ဖခင်ကိုချစ်သောသူသည်ထိုဖခင်၏သား ကိုလည်းချစ်တတ်၏။- ငါတို့သည်ဘုရားသခင်ကိုချစ်၍ပညတ် တော်ကိုစောင့်ထိန်းခြင်းအားဖြင့် ဘုရားသခင် ၏သားသမီးများကိုငါတို့ချစ်ကြောင်း ငါတို့သိကြရ၏။- အဘယ်ကြောင့်ဆိုသော်ဘုရားသခင်ကို ချစ်ခြင်းသည် ကိုယ်တော်၏ပညတ်တော်တို့ ကိုစောင့်ထိန်းခြင်းပင်ဖြစ်သည်။ ကိုယ်တော်၏ ပညတ်တော်တို့ကိုစောင့်ထိန်းရန်ငါတို့ အတွက်ဝန်မလေးပေ။- အဘယ်ကြောင့်ဆိုသော်ဘုရားသခင်၏သား သမီးဖြစ်သူသည် လောကကိုအောင်နိုင်သော ကြောင့်ဖြစ်၏။ ငါတို့သည်ယုံကြည်ခြင်းအား ဖြင့်လောကကိုအောင်ခြင်းဖြစ်ပေသည်။- သခင်ယေရှုသည်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းခံယူယုံကြည်သူမှတစ်ပါး အဘယ်သူသည်လောကကိုအောင်နိုင်သနည်း။ ယေရှုခရစ်သည်ရေအားဖြင့်ဗတ္တိဇံကိုခံ တော်မူလျက်သွေးတော်ကိုသွန်း၍ အသေခံ တော်မူလျက်ကြွလာတော်မူသောအရှင်ပေ တည်း။ ကိုယ်တော်သည်ရေအားဖြင့်သာကြွလာ တော်မူသည်မဟုတ်။ ရေအားဖြင့်လည်းကောင်း၊ သွေးအားဖြင့်လည်းကောင်းကြွလာတော်မူပေ သည်။ ဝိညာဉ်တော်သည်သမ္မာတရားဖြစ်၍ကြွ လာတော်မူကြောင်းကိုသက်သေခံတော်မူ၏။- သက်သေသုံးပါးရှိလေသည်။- ယင်းတို့ကားဝိညာဉ်တော်၊ ရေနှင့်သွေးတို့ဖြစ် ကြ၏။ ထိုသုံးပါးတို့သည်တညီတညွတ် တည်းသက်သေခံကြ၏။- ငါတို့သည်လူတို့၏သက်သေခံချက်ကို လက်ခံတတ်ကြ၏။ ဘုရားသခင်၏သက်သေ ခံတော်မူချက်မှာ လူတို့၏သက်သေခံချက် ထက်ပို၍ပင်ခိုင်လုံ၏။ ကိုယ်တော်သည်သား တော်၏အကြောင်းသက်သေခံတော်မူပြီ။- ဘုရားသခင်၏သားတော်ကိုယုံကြည်သူသည် ထိုသက်သေခံချက်ကိုစိတ်နှလုံးထဲတွင်မှတ် ကျုံးထား၏။ ဘုရားသခင်ကိုမယုံကြည်သူ သည်ကား သားတော်အကြောင်းကိုယ်တော်သက် သေခံတော်မူသည်ကိုမယုံကြည်သဖြင့် ဘုရားသခင်အားမုသားသုံးသည်ဟုဆို ရာရောက်၏။- ဘုရားသခင်သည်ငါတို့အား ထာဝရအသက် ကိုပေးသနားတော်မူကြောင်း၊ ထိုအသက်ကို သားတော်အားဖြင့်ရရှိကြောင်းဘုရားသခင် သက်သေခံတော်မူ၏။- သားတော်ကိုရရှိသူသည်ထိုအသက်ကို ရ၏။ ဘုရားသခင်၏သားတော်ကိုမရ ရှိသူမူကားထိုအသက်ကိုမရ။
၁ ရှင်ယောဟန် 5:1-12 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ယုံကြည်သောသူတိုင်းသည် ဘုရားသခင်ထံမှပေါက်ဖွားလာသောသူဖြစ်၏။ ပေါက်ဖွားစေတော်မူသောအရှင်ကို ချစ်သောသူတိုင်းသည် ထိုအရှင်ထံမှပေါက်ဖွားလာသောသူကိုလည်းချစ်၏။ ငါတို့သည် ဘုရားသခင်ကိုချစ်၍ ဘုရားသခင်၏ပညတ်တော်တို့ကိုလိုက်နာကျင့်သုံးကြလျှင် ထိုအမှုအရာအားဖြင့် ငါတို့သည် ဘုရားသခင်၏သားသမီးများကိုချစ်ကြောင်း ငါတို့သိကြ၏။ ဘုရားသခင်ကိုချစ်ခြင်းဆိုသည်မှာ ဘုရားသခင်၏ပညတ်တော်တို့ကို စောင့်ထိန်းခြင်းပင်ဖြစ်၏။ ဘုရားသခင်၏ပညတ်တော်တို့သည်လည်း စောင့်ထိန်းရန်ခဲယဉ်းသည်မဟုတ်။ အကြောင်းမူကား ဘုရားသခင်ထံမှပေါက်ဖွားလာသောသူတိုင်းသည် လောကကိုအောင်နိုင်၏။ လောကကိုအောင်နိုင်သော အောင်ပွဲမှာ ငါတို့၏ယုံကြည်ခြင်းပင်ဖြစ်၏။ မည်သူသည် လောကကိုအောင်နိုင်သနည်း။ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်သည်ဟု ယုံကြည်သောသူပင်မဟုတ်လော။ ယေရှုခရစ်တော်သည် ရေနှင့်သွေးအားဖြင့် ကြွလာတော်မူသောအရှင်ဖြစ်၏။ ရေအားဖြင့်သာမဟုတ်ဘဲ ရေနှင့်သွေးအားဖြင့်ကြွလာတော်မူ၏။ ဝိညာဉ်တော်သည် သက်သေခံသောအရှင်ဖြစ်၏။ အကြောင်းမှာ ဝိညာဉ်တော်သည် သမ္မာတရားဖြစ်တော်မူ၏။ ဝိညာဉ်တော်၊ ရေ၊ သွေးတည်းဟူသော သက်သေသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီတညွတ်တည်းဖြစ်ကြ၏။ ငါတို့သည် လူ၏သက်သေခံချက်ကို လက်ခံကြသည်ဆိုလျှင် ဘုရားသခင်၏သက်သေခံတော်မူချက်သည် ပို၍ကြီးမြတ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏သက်သေခံတော်မူချက်သည် မိမိ၏သားတော်နှင့်ပတ်သက်၍ပေးထားသောသက်သေခံတော်မူချက်ဖြစ်၏။ ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူသည် ဤသက်သေခံချက်ကို မိမိအထဲ၌ရရှိထား၏။ ဘုရားသခင်ကိုမယုံကြည်သောသူမူကား ဘုရားသခင်ကို လိမ်လည်သောသူဟုဆိုရာရောက်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က မိမိ၏သားတော်နှင့်ပတ်သက်၍ သက်သေခံတော်မူသောသက်သေခံချက်ကို ထိုသူသည် မယုံကြည်သောကြောင့်ဖြစ်၏။ ထိုသက်သေခံချက်မှာ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကိုပေးတော်မူပြီး ထိုအသက်သည် ဘုရားသခင်၏သားတော်၌ရှိ၏ဟူ၍ ဖြစ်၏။ သားတော်ကိုရရှိသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကိုမရရှိသောသူမူကား အသက်ကိုမရ။