၃ ဓမ္မရာဇဝင် 18:27
၃ ဓမ္မရာဇဝင် 18:27 Judson Bible (JBMLE)
မွန်းတည့်အချိန်၌ ဧလိယက၊ ကျယ်သောအသံနှင့် ဟစ်ကြလော့။ ဗာလသည် ဘုရားဖြစ်တော်မူ၏။ ဆင်ခြင်လျက်နေတော်မူ၏။ သို့မဟုတ် တစ်စုံတစ်ခုကို လိုက်၍ရှာတော်မူ၏။ သို့မဟုတ် ခရီးသွားတော်မူ၏။ သို့မဟုတ် ကျိန်းစက်တော်မူသောကြောင့်၊ တစ်စုံတစ်ယောက်သောသူသည် နှိုးရမည်ဟု ပြက်ရယ်ပြု၍ဆို၏။
၃ ဓမ္မရာဇဝင် 18:27 Common Language Bible (BCL)
မွန်းတည့်ချိန်၌ဧလိယသည်သူတို့အား``သင် တို့သည်ပို၍အသံကျယ်စွာဆုတောင်းကြ လော့။ ဗာလကားဘုရားပေတည်း။ သူသည်ဆင် ခြင်စဉ်စားလျက်သော်လည်းကောင်း၊ တပိုတပါး သွားလျက်သော်လည်းကောင်း၊ ခရီးလွန်၍သော် လည်းကောင်းနေပေမည်။ ထိုသို့မဟုတ်လျှင်လည်း အိပ်လျက်နေကောင်းနေမည်ဖြစ်၍သူ့အား နှိုးရကြမည်'' ဟုပြက်ရယ်ပြု၍ဆို၏။
၃ ဓမ္မရာဇဝင် 18:27 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
မွန်းတည့်ချိန်သို့ရောက်သောအခါ ဧလိယက သူတို့အား “အသံကျယ်ကျယ်အော်ခေါ်ကြပါလော့။ ဗာလသည် ဘုရားမှန်သည်မဟုတ်လော။ ယခု ဈာန်ဝင်စားနေကောင်းနေလိမ့်မည်။ သို့မဟုတ် အလေးအပေါ့ သွားကောင်းသွားနေလိမ့်မည်။ သို့မဟုတ် ခရီးလွန်ကောင်းလွန်နေလိမ့်မည်။ သို့မဟုတ် အိပ်ပျော်ကောင်းအိပ်ပျော်နေလိမ့်မည်။ တစ်ယောက်ယောက် သွားနှိုးရလိမ့်မည်”ဟု လှောင်ပြောင်လေ၏။