YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 2:11-12

၁ ရှင်ပေတရု 2:11-12 Common Language Bible (BCL)

ချစ်​ဆွေ​တို့၊ သင်​တို့​သည်​ဤ​လော​က​တွင်​ဧည့် သည်​အာ​ဂန္တု​အ​ဖြစ်​နှင့် မိ​မိ​တို့​အား​အ​မြဲ စစ်​ပြိုင်​တိုက်​ခိုက်​လျက်​နေ​သော​ကာ​ယ​တပ် မက်​မှု​များ​ကို​အ​ရှုံး​မ​ပေး​ရန် ငါ​တိုက်​တွန်း နှိုး​ဆော်​၏။- မ​ယုံ​ကြည်​သူ​တို့​သည်​သင်​တို့​အား​မ​ကောင်း မှု​ပြု​ကြ​သူ​များ​ဟု ပြစ်​တင်​စွပ်​စွဲ​လျက်​နေ ကြ​စဉ် သင်​တို့​၏​အ​ကျင့်​ကောင်း​များ​ကို​မြင် သ​ဖြင့်​ဘု​ရား​သ​ခင်​ကြွ​လာ​တော်​မူ​ရာ​နေ့ ၌ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး ကြ​စေ​ရန် သင်​တို့​သည်​ထို​သူ​တို့​ရှေ့​တွင်​တင့် တယ်​လျောက်​ပတ်​စွာ​ပြု​မူ​ကျင့်​ကြံ​လျက် နေ​ကြ​လော့။

၁ ရှင်ပေတရု 2:11-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ချစ်​ရ​သော​သူ​တို့၊ သင်​တို့​သည် ဧည့်သည်​အာဂန္တု​များ​ဖြစ်​ကြ​သဖြင့် စိတ်​ဝိညာဉ်​ကို​ဆန့်ကျင်​တိုက်ခိုက်​သော ကိုယ်ကာယ​တပ်မက်​ခြင်း​များ​ကို ရှောင်ကြဉ်​ကြ​ရန် ငါ​တိုက်တွန်း​နှိုးဆော်​ပါ​၏။ လူမျိုးခြား​တို့​အလယ်​တွင် ကောင်း​စွာ​အသက်ရှင်​နေထိုင်​ကြ​လော့။ သို့ပြုလျှင် သူ​တို့​သည် သင်​တို့​ကို ဒုစရိုက်​ပြု​သူ​များ​အဖြစ် ပုတ်ခတ်​ပြောဆို​ကြ​သော်လည်း သင်​တို့​၏​ကောင်း​သော​အမှု​တို့​ကို​မြင်​၍ အကြည့်အရှု​ကြွလာ​တော်မူ​သော​နေ့ရက်​၌ ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​လိမ့်မည်။