၁ ရှင်ပေတရု 3:10-11
၁ ရှင်ပေတရု 3:10-11 Common Language Bible (BCL)
အောက်ပါကျမ်းစာတော်အရဖော်ပြသည် နှင့်အညီဖြစ်သည်။ ``မိမိဘဝကိုချစ်မြတ်နိုး၍စီးပွားချမ်း သာကို အလိုရှိသူသည်၊ မိမိ၏လျှာကိုမညစ်ညမ်းစေရန်ထိန်းသိမ်း ရမည်။ မိမိနှုတ်ကိုလည်းလိမ်လည်လှည့်ဖြားမှုနှင့် ကင်းစေရမည်။ သူသည်ဒုစရိုက်ကိုရှောင်ရှားလျက် သုစရိုက်ကိုပြုရမည်။ ငြိမ်းချမ်းမှုအတွက်အစွမ်းကုန်ကြိုးပမ်း ရမည်။
၁ ရှင်ပေတရု 3:10-11 Judson Bible (JBMLE)
အသက်ကို မွေ့လျော်စေ၍၊ ကောင်းမွန်သော နေ့ရက်တို့ကို တွေ့မြင်ခြင်းငှာ အလိုရှိသောသူသည်၊ မိမိလျှာကို မကောင်းသောအရာနှင့် ကင်းလွတ်စေ။ မိမိနှုတ်ခမ်းလည်း မုသားစကားကို မပြောစေနှင့်။- ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကိုပြုစေ။ သူတစ်ပါးနှင့် အသင့်အတင့်နေခြင်းကိုရှာ၍ မီအောင်လိုက်စေ။
၁ ရှင်ပေတရု 3:10-11 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အကြောင်းမူကား အသက်ရှင်ခြင်းကိုနှစ်သက်၍ ကောင်းသောနေ့ရက်တို့ကို တွေ့မြင်လိုသောသူသည် မိမိလျှာကိုချုပ်တည်း၍ မကောင်းသောစကားနှင့်ကင်းလွတ်စေ။ မိမိနှုတ်ကိုလည်းချုပ်တည်း၍ မုသားမပြောမိစေနှင့်။ မကောင်းသောအမှုကိုရှောင်ရှားလျက် ကောင်းသောအမှုကိုပြုစေ။ ငြိမ်သက်ခြင်းကိုရှာ၍ ၎င်းကိုရရှိရန်ကြိုးစားစေ။