၁ ဓမ္မရာဇဝင် 11:6-7
၁ ဓမ္မရာဇဝင် 11:6-7 Common Language Bible (BCL)
ထိုသတင်းကိုရှောလုကြားရချိန်၌ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ ၏အပေါ်သို့သက်ရောက်တော်မူသဖြင့် သူသည်ပြင်းစွာအမျက်ထွက်ကာ၊- နွားနှစ်ကောင်ကိုယူ၍အပိုင်းပိုင်းခုတ်ဖြတ် လျက် စေတမန်တို့အားဣသရေလပြည် တစ်လျှောက်လုံးသို့ယူဆောင်သွားစေပြီး လျှင်``စစ်ပွဲဝင်ရန်ရှောလုနှင့်ရှမွေလတို့ နောက်သို့မလိုက်သူမှန်သမျှ၏နွားများ သည် ဤနည်းအတိုင်းခုတ်ဖြတ်ခြင်းကို ခံရကြလိမ့်မည်'' ဟုသတိပေးစေ၏။ ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားကိုကြောက်သဖြင့် တညီတညွတ် တည်းထွက်လာကြ၏။
၁ ဓမ္မရာဇဝင် 11:6-7 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုစကားတို့ကို ရှောလုကြားသည်နှင့် ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ် သက်ရောက်၏။ သူသည် ပြင်းစွာအမျက်ထွက်လျက် နွားတစ်ရှဉ်းကိုယူ၍ အပိုင်းပိုင်းခုတ်ဖြတ်ပြီးမှ ထိုတမန်တို့၏လက်ဖြင့်ပင် အစ္စရေးနယ်ပယ်တစ်လျှောက်လုံးသို့ ပေးပို့ကာ “ရှောလုနှင့် ရှမွေလနောက်သို့မလိုက်သောသူတို့၏နွားများကို ဤကဲ့သို့ပြုမည်”ဟု မှာလိုက်၏။ ထိုအခါ ထာဝရဘုရားကိုကြောက်ရွံ့စိတ်ဝင်ကြသဖြင့် လူတို့သည် တညီတညွတ်တည်း ထွက်လာကြ၏။
၁ ဓမ္မရာဇဝင် 11:6-7 Judson Bible (JBMLE)
ထိုသတင်းကို ရှောလုကြားသောအခါ၊ ဘုရားသခင်၏ဝိညာဉ်တော်သက်ရောက်၍ ထိုသူသည် ပြင်းစွာအမျက်ထွက်လျက်၊ နွားတစ်ရှဉ်းကိုယူ၍ ခုတ်ဖြတ်ပြီးမှ၊ သံတမန်တို့လက်တွင် ဣသရေလပြည် တစ်လျှောက်လုံးသို့ ပေးလိုက်၍၊ ရှောလုနှင့် ရှမွေလနောက်သို့ ထွက်၍မလိုက်သောသူ၏နွားတို့ကို ဤကဲ့သို့ပြုမည်ဟုကြော်ငြာစေသဖြင့်၊ လူတို့သည် ထာဝရဘုရားကို ကြောက်၍ တညီတညွတ်တည်း ထွက်လာကြ၏။