၁ ဓမ္မရာဇဝင် 13:13-14
၁ ဓမ္မရာဇဝင် 13:13-14 Judson Bible (JBMLE)
ရှမွေလကလည်း သင်သည် မှားပြီ။ သင်၏ဘုရားသခင် ထာဝရဘုရားထားတော်မူသော ပညတ်တရားကို မစောင့်ပါတကား။ စောင့်မိလျှင်၊ ထာဝရဘုရားသည် ဣသရေလအမျိုး၌သင်၏အာဏာကို ယခုမှစ၍ အစဉ်အမြဲ တည်စေတော်မူပြီ။ ယခုမူကား သင်၏ အာဏာမတည်ရ။ ထာဝရဘုရားသည် စိတ်နှလုံးတော်နှင့် ညီညွတ်သောသူကို ရှာတော်မူ၏။ ထိုသူသည် လူမျိုးတော်အပေါ်မှာမင်းဖြစ်စေခြင်းငှာ ထာဝရဘုရားမိန့်တော်မူပြီ။ အကြောင်းမူကား၊ သင်သည် ထာဝရဘုရား မှာထားတော်မူသည်အတိုင်းမကျင့်ဟု ရှောလုအားဆိုပြီးလျှင်၊
၁ ဓမ္မရာဇဝင် 13:13-14 Common Language Bible (BCL)
ရှမွေလက``သင်ပြုသည့်အမှုသည်မိုက်မဲ သောအမှုဖြစ်၏။ သင်သည်မိမိ၏အရှင် ထာဝရဘုရားပေးတော်မူသောအမိန့် တော်ကိုနားမထောင်။ အကယ်၍နားထောင် ခဲ့ပါလျှင်ကိုယ်တော်သည်သင်နှင့်တကွ သင်၏သားမြေးတို့အားဣသရေလပြည် ကိုထာဝစဉ်အုပ်စိုးစေတော်မူမည်။- ယခုမှာမူသင်သည်နန်းသက်ရှည်တော့ မည်မဟုတ်။ သင်သည်မိမိ၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောအမိန့် တော်ကိုလွန်ဆန်သည်ဖြစ်၍ ကိုယ်တော်သည် မိမိလူမျိုးတော်အားအုပ်စိုးစေရန်စိတ် တော်နှင့်တွေ့သူကိုခန့်ထားတော်မူလိမ့် မည်'' ဟုဆို၏။
၁ ဓမ္မရာဇဝင် 13:13-14 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအခါ ရှမွေလက ရှောလုမင်းကြီးအား “သင်၏ဘုရားသခင်ထာဝရဘုရား သင့်အားမိန့်မှာထားသောပညတ်တော်တို့ကို မစောင့်ထိန်းဘဲ မိုက်မဲစွာပြုမိလေပြီတကား။ စောင့်ထိန်းခဲ့လျှင် အစ္စရေးနိုင်ငံအား အစဉ်အုပ်စိုးရသောအခွင့်ကို သင့်အား ထာဝရဘုရားပေးတော်မူမည်သာဖြစ်၏။ ယခုမှာ သင့်အား ထာဝရဘုရား မိန့်မှာထားသည့်အတိုင်း သင်မစောင့်ထိန်းသောကြောင့် သင်၏နိုင်ငံ တည်မြဲမည်မဟုတ်။ ထာဝရဘုရားသည် မိမိစိတ်နှင့်တွေ့သောသူကို ရှာတော်မူပြီ။ ထာဝရဘုရားသည် ထိုသူအား မိမိလူမျိုးတော်ကို အုပ်ချုပ်သူမင်းအဖြစ် ခန့်ထားတော်မူလိမ့်မည်”ဟု ဆို၏။