၁ ဓမ္မရာဇဝင် 8:5-6
၁ ဓမ္မရာဇဝင် 8:5-6 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ရှမွေလအား “ကြည့်ရှုလော့။ ယခု အရှင် အသက်ကြီးပြီ။ အရှင့်သားတို့သည်လည်း အရှင်လျှောက်ခဲ့သည့်လမ်းအတိုင်း မလိုက်လျှောက်ကြပါ။ ထို့ကြောင့် လူမျိုးခြားအပေါင်းတို့နည်းတူ အကျွန်ုပ်တို့ကို စီရင်အုပ်ချုပ်ရန် ရှင်ဘုရင်တစ်ပါးကို အကျွန်ုပ်တို့အတွက် တင်မြှောက်ပေးပါလော့”ဟု ဆိုကြ၏။ ဤသို့ “အကျွန်ုပ်တို့ကို စီရင်အုပ်ချုပ်ရန် ရှင်ဘုရင်တစ်ပါးကို တင်မြှောက်ပေးပါလော့”ဟု တောင်းဆိုကြသည်ကို ရှမွေလ ဘဝင်မကျပေ။ သို့ဖြစ်၍ ရှမွေလသည် ထာဝရဘုရားထံဆုတောင်းလေ၏။
၁ ဓမ္မရာဇဝင် 8:5-6 Judson Bible (JBMLE)
ကိုယ်တော်သည် အသက်ကြီးပါ၏။ ကိုယ်တော်၏သားတို့သည် ကိုယ်တော်လမ်းသို့ မလိုက်ကြပါ။ လူမျိုးအပေါင်းတို့၏ ထုံးစံရှိသည်အတိုင်း အကျွန်ုပ်တို့ကို အုပ်စိုးရသောရှင်ဘုရင်ကို ချီးမြှောက်ပါလော့ဟု လျှောက်ကြ၏။ ထိုသို့ အကျွန်ုပ်တို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ပေးပါလော့ဟု လျှောက်သောအမှုကို ရှမွေလသည် မနှစ်သက်သောကြောင့် ထာဝရဘုရားအားဆုတောင်းလေ၏။
၁ ဓမ္မရာဇဝင် 8:5-6 Common Language Bible (BCL)
``အရှင်သည်အသက်အရွယ်အို၍လာပါပြီ။ အရှင့်သားတို့သည်လည်းအရှင်၏လမ်းစဉ် ကိုမလိုက်ကြပါ။ သို့ဖြစ်၍အကျွန်ုပ်တို့ အားအုပ်စိုးရန်ဘုရင်ကိုခန့်ပေးပါ။ သို့မှ သာလျှင်အကျွန်ုပ်တို့တွင်အခြားတိုင်းပြည် များမှာကဲ့သို့ဘုရင်ရှိပါလိမ့်မည်'' ဟု လျှောက်ထားကြ၏။- ယင်းသို့ဘုရင်ခန့်ထားပေးရန်လူတို့တောင်း ဆိုကြသည်ကို ရှမွေလမနှစ်သက်သဖြင့် ထာဝရဘုရားထံတော်သို့ဆုတောင်းပတ္ထ နာပြုလေ၏။