YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 32:7-8

၂ ရာဇဝင်ချုပ် 32:7-8 Common Language Bible (BCL)

``အား​မာန်​တင်း​၍​ရဲ​စွမ်း​သတ္တိ​ရှိ​ကြ​လော့။ အာ​ရှု​ရိ​ဧ​က​ရာဇ်​ကို​သော်​လည်း​ကောင်း၊ သူ ဦး​စီး​ခေါင်း​ဆောင်​ပြု​သည့်​တပ်​မ​တော်​ကို သော်​လည်း​ကောင်း​မ​ကြောက်​ကြ​နှင့်။ သူ​၏ တန်​ခိုး​စွမ်း​ရည်​ထက်​ပို​မို​ကြီး​မား​သော တန်​ခိုး​စွမ်း​ရည်​ငါ​တို့​တွင်​ရှိ​၏။- သူ​၏​ဘက်​၌​လူ​သား​တို့​၏​တန်​ခိုး​စွမ်း​ရည် သာ​လျှင်​ရှိ​ပေ​သည်။ ငါ​တို့​ဘက်​၌​မူ​ကား ကူ​မ​တော်​မူ​၍​စစ်​ပွဲ​များ​တွင်​ပါ​ဝင်​တိုက် ခိုက်​တော်​မူ​သော​ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​ရှိ​တော်​မူ​၏'' ဟု​မိန့်​တော် မူ​လေ​သည်။ ဤ​သို့​မင်း​ကြီး​မိန့်​တော်​မူ သော​စ​ကား​ကြောင့်​လူ​တို့​သည်​အား တက်​လာ​ကြ​ကုန်​၏။

၂ ရာဇဝင်ချုပ် 32:7-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

“​အားယူ​၍​ရဲရင့်​ကြ​လော့​။ အဆီးရီးယား​ဘုရင်​နှင့် သူ့​လူအုပ်ကြီး​ကြောင့် မ​ကြောက်​ကြ​နှင့်​။ စိတ်​မ​ပျက်​ကြ​နှင့်​။ ငါ​တို့​ဘက်​၌​ရှိ​သော​သူ​သည် သူ​တို့​ဘက်​၌​ရှိ​သော​သူ​တို့​ထက် ပို၍​အင်အားကြီး​၏​။ သူ​တို့​ဘက်​၌ လူအင်အား​ရှိ​၏​။ ငါ​တို့​ဘက်​တွင်​မူ စစ်ပွဲ​၌​ငါ​တို့​ကို​ကူညီ​တိုက်ခိုက်​ပေး​မည့် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား ရှိ​၏​”​ဟု အားပေးစကား​ပြော​၏​။ ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​၏​စကား​ကြောင့် လူ​တို့ အားမာန်​ပြည့်လာ​ကြ​၏​။