၄ ဓမ္မရာဇဝင် 2:12
၄ ဓမ္မရာဇဝင် 2:12 Common Language Bible (BCL)
ဧလိရှဲသည်ထိုအခြင်းအရာကိုမြင်သဖြင့် ဧလိယအား``အို အကျွန်ုပ်၏အဖ၊ အို အကျွန်ုပ် ၏အဖ၊ တန်ခိုးကြီးမား၍ဣသရေလအမျိုး သားတို့ဘက်မှခုခံကာကွယ်သောအရှင်၊ ကိုယ် တော်သည်ထွက်ခွာသွားတော်မူပါပြီတကား'' ဟုဟစ်အော်၍ပြော၏။ ထိုနောက်သူသည်ဧလိယ ကိုတစ်ဖန်ပြန်၍မတွေ့မမြင်ရတော့ချေ။ ဧလိရှဲသည်ကြေကွဲဝမ်းနည်းသဖြင့် မိမိ၏ ဝတ်လုံကိုနှစ်ခြမ်းဆုတ်ဖြဲလိုက်၏။
၄ ဓမ္မရာဇဝင် 2:12 Judson Bible (JBMLE)
ဧလိရှဲသည် ကြည့်မြင်လျှင် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမြင်းပါတကားဟု ဟစ်သော်လည်း၊ နောက်တစ်ဖန် ဧလိယကိုမမြင်ရ။ မိမိအဝတ်ကိုကိုင်၍ နှစ်ပိုင်းဆုတ်လေ၏။
၄ ဓမ္မရာဇဝင် 2:12 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအခြင်းအရာကို ဧလိရှဲမြင်လျှင် “အကျွန်ုပ်အဖ၊ အကျွန်ုပ်အဖ၊ အစ္စရေးစစ်ရထားနှင့် မြင်းစီးသူရဲများပါတကား”ဟု အော်ဟစ်လေ၏။ ထိုအချိန်မှစ၍ ဧလိယကို သူ မမြင်ရတော့ပေ။ သူသည် မိမိအဝတ်ကိုကိုင်၍ နှစ်ပိုင်းဆုတ်ဖြဲ၏။