၄ ဓမ္မရာဇဝင် 2:14
၄ ဓမ္မရာဇဝင် 2:14 Judson Bible (JBMLE)
ရေကို ဝတ်လုံနှင့်ရိုက်လျက်၊ ဧလိယကိုးကွယ်သော ဘုရားသခင်ထာဝရဘုရားသည် အဘယ်မှာရှိတော်မူသနည်းဟူ၍ တစ်ဖန် ရိုက်သောအခါ၊ ရေသည်တစ်ဖက်တစ်ချက်ကွဲသဖြင့် ဧလိရှဲသည်ကူးသွား၏။
၄ ဓမ္မရာဇဝင် 2:14 Common Language Bible (BCL)
သူသည်မြစ်ကမ်းပေါ်တွင်ရပ်လျက်ရေကို ဧလိယ၏ဝတ်လုံဖြင့်ရိုက်၏။ သို့ရာတွင်ရေ သည်ကွဲ၍မသွားချေ။ ဧလိရှဲသည်``ဧလိယ ၏ဘုရားတည်းဟူသောထာဝရဘုရားသခင်ကားအဘယ်မှာနည်း'' ဟုဟစ်အော်ပြီး လျှင် ရေကိုတစ်ဖန်ရိုက်ပြန်၏။ ထိုအခါရေ သည်နှစ်ခြမ်းကွဲသဖြင့် သူသည်မြစ်တစ်ဘက် ကမ်းသို့လျှောက်၍သွားလေသည်။
၄ ဓမ္မရာဇဝင် 2:14 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဧလိယကိုယ်မှကျကျန်ခဲ့သောအဝတ်ကိုယူ၍ ရေကိုရိုက်ပြီး “ဧလိယ၏ဘုရားသခင်ထာဝရဘုရားကား အဘယ်မှာနည်း”ဟု ဆို၏။ ထိုသို့ ရေကိုရိုက်သောအခါ ရေသည် ထက်ခြမ်းကွဲသွားသဖြင့် ဧလိရှဲလည်း မြစ်ကိုကူးသွားလေ၏။