၄ ဓမ္မရာဇဝင် 2:9
၄ ဓမ္မရာဇဝင် 2:9 Judson Bible (JBMLE)
မြစ်တစ်ဖက်သို့ ရောက်သောအခါ၊ ဧလိယက၊ သင်နှင့်ငါမကွာမီ ငါ၌ တစ်စုံတစ်ခုသောဆုကို တောင်းလော့ဟု ဧလိရှဲအားဆိုလျှင်၊ ဧလိရှဲက၊ ကိုယ်တော်ဝိညာဉ်နှစ်ဆသောအဖို့ကို အကျွန်ုပ်အပေါ်မှာ ရှိပါစေသောဟု တောင်းသော်၊
၄ ဓမ္မရာဇဝင် 2:9 Common Language Bible (BCL)
ထိုအရပ်သို့ရောက်သောအခါဧလိယသည် ဧလိရှဲအား``သင်နှင့်မခွဲမခွာရမီငါ့ထံ ဆုတစ်ခုကိုတောင်းလော့'' ဟုပြော၏။ ဧလိရှဲက``အရှင်၏အရိုက်အရာကိုဆက်ခံ နိုင်ရန် သားဦးရသင့်ရထိုက်သောအရှင်၏ တန်ခိုးဝေစု ကို အကျွန်ုပ်အားပေးတော်မူပါ'' ဟုတောင်း လေ၏။
၄ ဓမ္မရာဇဝင် 2:9 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သူတို့ မြစ်ကိုဖြတ်ကူးပြီးလျှင် ဧလိယက ဧလိရှဲအား “ငါသည် သင့်ထံမှ ဆောင်ယူသွားခြင်းမခံရမီ သင့်အဖို့ မည်သည့်အရာပြုပေးရမည်ကို ပြောပါလော့”ဟု ဆိုလျှင် ဧလိရှဲက “အရှင့်ထံ၌ရှိသောဝိညာဉ်မျိုး အကျွန်ုပ်၌ နှစ်ဆရှိပါစေသော”ဟု တောင်းဆို၏။