၂ ရှင်ပေတရု 1:20-21
၂ ရှင်ပေတရု 1:20-21 Judson Bible (JBMLE)
ကျမ်းစာ၌ပါသော အနာဂတ္တိစကားမည်သည်ကား၊ ကိုယ်အလိုအလျောက် အနက်မပေါ်ဟု ရှေ့ဦးစွာ သိမှတ်ကြလော့။- အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူအလိုအားဖြင့် ဖြစ်ဖူးသည်မဟုတ်၊ ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ ဟောပြောကြ၏။
၂ ရှင်ပေတရု 1:20-21 Common Language Bible (BCL)
သို့ရာတွင်အဘယ်သူမျှမိမိအလိုအလျောက် ပရောဖက်တို့ဟောချက်အနက်အဋ္ဌိပ္ပါယ်ကို ပြန်ဆို၍မရနိုင်ကြောင်းသင်တို့အထူးမှတ် ယူကြလော့။- အဘယ်ကြောင့်ဆိုသော်မည်သည့်ပရောဖက် ဟောပြောချက်မျှ မိမိ၏အလိုဆန္ဒအရပေါ် ပေါက်လာခြင်းမဟုတ်။ သန့်ရှင်းသောဝိညာဉ်တော် နှိုးဆော်ခြင်းကိုခံရသောသူတို့သည် ဘုရား သခင်၏ထံတော်မှလာသောဗျာဒိတ်တော်ကို ဟောပြောခြင်းဖြစ်သည်။
၂ ရှင်ပေတရု 1:20-21 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ကျမ်းစာ၌ပါသော ပရောဖက်ပြုဟောပြောချက်အားလုံးသည် လူတစ်ဦးတစ်ယောက်၏ကိုယ်ပိုင်အနက်ဖွင့်ဆိုချက်မဟုတ်ကြောင်း ဦးစွာသိမှတ်ရမည်။ အကြောင်းမူကား ပရောဖက်ပြုဟောပြောချက်သည် မည်သည့်အခါမျှ လူ၏အလိုဆန္ဒအရဖြစ်ပေါ်လာသည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ခြင်းကို ခံရသောသူတို့သည် ဘုရားသခင်ထံမှလာသောစကားကို ဟောပြောကြခြင်းဖြစ်၏။