၂ ဓမ္မရာဇဝင် 16:11-12
၂ ဓမ္မရာဇဝင် 16:11-12 Judson Bible (JBMLE)
ကြည့်ပါ။ ငါ့ကိုယ်ထဲကထွက်သော ငါ့သားရင်းသည် ငါ့အသက်ကိုရှာ၏။ ထိုဗင်္ယာမိန်အမျိုးသားသည် ထိုမျှမက အခွင့်ရှိလိမ့်မည်။ သူ့ကို ရှိပါလေစေ။ ကျိန်ဆဲပါလေစေ။ ထာဝရဘုရား မှာထားတော်မူပြီ။ ထာဝရဘုရားသည် ငါ၏ဒုက္ခကိုကြည့်ရှု၍ ယနေ့ ထိုသူကျိန်ဆဲသည်အတွက် ကောင်းသောအကျိုးကို ပြန်ပေးကောင်း ပေးတော်မူလိမ့်မည်ဟူ၍လည်းကောင်း၊ အဘိရှဲနှင့် ကျွန်တော်မျိုးအပေါင်းတို့အား မိန့်တော်မူ၏။
၂ ဓမ္မရာဇဝင် 16:11-12 Common Language Bible (BCL)
ထိုနောက်ဒါဝိဒ်သည်အဘိရှဲနှင့်မှူးမတ် အပေါင်းတို့အား``ငါ၏သားရင်းကပင်လျှင် ငါ့ကိုသေကြောင်းကြံလျက်နေသည်ဖြစ်ရာ ဤဗင်္ယာမိန်အနွယ်ဝင်ပြုသည့်အမှုမှာ အံ့သြလောက်ပါသလော။ သူပြုလိုရာ ပြုပါစေ။ ကျိန်ဆဲပါလေစေ။ ထာဝရ ဘုရားစေခိုင်းတော်မူသဖြင့်သူသည် ဤသို့ပြုလုပ်ရခြင်းဖြစ်၏။- ထာဝရဘုရားသည်ငါ၏ဒုက္ခကိုမြင် တော်မူ၍ ထိုသူ၏ကျိန်စာအစားကောင်း ချီးမင်္ဂလာကိုချပေးကောင်းချပေးတော် မူပါလိမ့်မည်'' ဟုဆို၏။
၂ ဓမ္မရာဇဝင် 16:11-12 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ဒါဝိဒ်မင်းကြီးက အဘိရှဲအပါအဝင် မင်းမှုထမ်းအပေါင်းတို့အား “ကြည့်ပါ။ ငါ့သွေးသားရင်းဖြစ်သော ငါ့သားပင်လျှင် ငါ့ကို သတ်ဖို့ရှာကြံ၏။ ဤဗင်္ယာမိန်အမျိုးကား ထိုထက်မက ပြုခွင့်ရှိ၏။ ထာဝရဘုရားသည် သူ့ကို အခွင့်ပေးထားပြီဖြစ်၍ သူကျိန်ဆဲပါစေ။ သူ့ကို မဆီးတားကြနှင့်။ ထာဝရဘုရားသည် ငါခံရသောဒုက္ခဆင်းရဲကို မြင်တော်မူ၍ ယနေ့ခံရသောကျိန်ဆဲခြင်းအစား ကောင်းသောအရာကို ငါ့အား ထာဝရဘုရားပြန်ပေးကောင်းပေးတော်မူလိမ့်မည်”ဟု မိန့်ဆို၏။