YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲ 1:11-14

ကောလောသဲ 1:9-14 Judson Bible (JBMLE)

ထို​ကြောင့်၊ ငါ​တို့​သည် ကြား​ရ​သည်​နေ့​မှ​စ၍၊ သင်​တို့​အ​ဖို့ အ​လို​ငှာ အ​စဉ်​မ​ပြတ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက် နေ​ကြ၏။ ဆု​တောင်း​သော​အ​ချက် ဟူ​မူ​ကား၊ သင်​တို့​သည် ကောင်း​သော​အ​ကျင့်​အ​မျိုး​မျိုး​တည်း ဟူ​သော အ​သီး​ကို​သီး​ခြင်း၊ ဘု​ရား​သ​ခင်​ကို​သိ​သော ဉာဏ်​တိုး​ပွား​ခြင်း​ရှိ​သ​ဖြင့်​လည်း​ကောင်း၊ ဝမ်း​မြောက်​သော​စိတ်​နှင့် အ​ရာ​ရာ၌​သည်း​ခံ​ခြင်း၊ စိတ်​ရှည်​ခြင်း​အ​လို​ငှာ၊ ဘုန်း​ကြီး​သော တန်​ခိုး​တော်​အ​တိုင်း ခွန်​အား​နှင့် ပြည့်​စုံ​သ​ဖြင့်​လည်း​ကောင်း၊ ခ​မည်း​တော်​ဘု​ရား၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်၊ သ​ခင်​ဘု​ရား​နှင့် ထိုက်​လျောက်​စွာ ကျင့်၍ အ​ရာ​ရာ၌ နှစ်​သက်​တော်​မူ​စေ​ခြင်း​ငှာ၊ ပ​ညာ​အ​မျိုး​မျိုး၊ ဓ​မ္မ​ဉာဏ်​အ​မျိုး​မျိုး​အား​ဖြင့် အ​လို​တော်​ကို အ​ကုန်​အ​စင် နား​လည်​ပါ​မည်​အ​ကြောင်း ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။- အ​လင်း၌​နေ​သော သန့်​ရှင်း​သူ​တို့၏​အ​မွေ​ကို ငါ​တို့​သည် ဆက်​ဆံ​ဝင်​စား​ထိုက်​မည်​အ​ကြောင်း ကျေး​ဇူး​ပြု​တော်​မူ၏။- မှောင်​မိုက်​တန်​ခိုး​မှ​လည်း ငါ​တို့​ကို​နုတ်၍၊ ချစ်​တော်​မူ​သော သား​တော်၏​နိုင်​ငံ​ထဲ​သို့ သွင်း​တော်​မူ၏။- ထို​သား​တော်၏ အ​သွေး​အား​ဖြင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း​တည်း​ဟူ​သော ရွေး​နုတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​တို့​သည် ခံ​ရ​ကြ၏။

ကောလောသဲ 1:11-14 Common Language Bible (BCL)

သင်​တို့​သည်​အ​ရာ​ခပ်​သိမ်း​ကို​စိတ်​ရှည်​စွာ ခံ​နိုင်​ရည်​ရှိ​စေ​ရန် ဘု​ရား​သ​ခင်​၏​ဘုန်း ကြီး​သော​တန်​ခိုး​တော်​မှ​ရ​ရှိ​သည့်​စွမ်း​ရည် အ​မျိုး​မျိုး​ဖြင့်​ရပ်​တည်​နိုင်​ကြ​ပါ​စေ​သော။ ထို​မှ​တစ်​ပါး​လည်း​အ​လင်း​နိုင်​ငံ​တော်​တွင် ကိုယ်​တော်​၏​လူ​စု​တော်​အ​တွက်​လျာ​ထား သည့်​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို သင်​တို့ အား​ခံ​စား​ထိုက်​သူ​များ​ဖြစ်​စေ​တော်​မူ သော အ​ဖ​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ဝမ်း​မြောက်​စွာ​ချီး​မွမ်း​နိုင်​ကြ​ပါ​စေ သော။- ကိုယ်​တော်​သည်​ငါ​တို့​အား​မှောင်​မိုက်​၏ တန်​ခိုး​မှ​ကယ်​နုတ်​တော်​မူ​၍ မိ​မိ​ချစ်​မြတ် နိုး​တော်​မူ​သော​သား​တော်​၏​နိုင်​ငံ​တော်​ထဲ သို့​ခေါ်​သွင်း​တော်​မူ​၏။- ဘု​ရား​သ​ခင်​သည်​ထို​သား​တော်​အား​ဖြင့်​ငါ တို့​ကို​လွတ်​မြောက်​စေ​တော်​မူ​ပြီ။ တစ်​နည်း အား​ဖြင့်​ငါ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ပြီ။

ကောလောသဲ 1:11-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ပြင် သင်​တို့​သည် ကိုယ်တော်​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော တန်ခိုး​အရှိန်အဝါ​နှင့်အညီ တန်ခိုး​တော်​ရှိသမျှ​တို့​ဖြင့် အားဖြည့်​ခြင်း​ကို​ခံရ​လျက် သည်းခံ​ခြင်း​နှင့်​စိတ်ရှည်​ခြင်း​အပြည့်အဝ​ရှိ​သဖြင့် သင်​တို့​ကို အလင်း​ထဲ၌​ရှိ​သော သန့်ရှင်း​သူ​များ​၏​ဝေစု​၌​ပါဝင်​ရန် ထိုက်တန်​သူ​ဖြစ်စေ​တော်မူ​သော​ခမည်းတော်​ကို ဝမ်းမြောက်​သော​စိတ်​နှင့် ကျေးဇူးတင်​ကြ​မည့်​အကြောင်း တောင်းလျှောက်​ကြ​၏။ ခမည်းတော်​သည် ငါ​တို့​ကို မှောင်မိုက်​ခြင်း​၏​အာဏာစက်​မှ ကယ်နုတ်​၍ မိမိ​ချစ်​တော်မူ​သော သား​တော်​၏​နိုင်ငံ​တော်​ထဲသို့ ရွှေ့ပြောင်း​ပို့ဆောင်​တော်မူ​၏။ ငါ​တို့​သည် ထို​သား​တော်​အားဖြင့် ရွေးနုတ်​ခြင်း​တည်းဟူသော အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို ရရှိ​ကြ​၏။