YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 3:1-30

ဒံယေလ 3:1-30 Judson Bible (JBMLE)

တ​ရံ​ရော​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် အ​မြင့် အ​တောင်​ခြောက်​ဆယ်၊ အ​နံ​ခြောက်​တောင် ရှိ​သော ရွှေ​ရုပ်​တု​ကို လုပ်​ပြီး​မှ၊ ဗာ​ဗု​လုန် ကျေး​လက် ဒု​ရ​လွင်​ပြင်၌ တည်​ထား​တော်​မူ၍၊ စော်​ဘွား၊ မြို့​ဝန်၊ စစ်​ကဲ၊ တ​ရား​သူ​ကြီး၊ အ​ခွန်​တော်​ဝန်၊ တိုင်​ပင်​မှူး​မတ်၊ မြို့​စာ​ရေး၊ နိုင်​ငံ​တော် အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် မင်း​ကြီး​တည်​ထား​တော်​မူ​သော ရုပ်​တု​ကို သာ​ဓု​အ​နု​မော​ဒ​နာ​ခေါ်​သော​ပွဲ​သို့ စု​ဝေး​စေ​ခြင်း​ငှာ အ​မိန့်​တော်​ရှိ၍၊ စော်​ဘွား၊ မြို့​ဝန်၊ စစ်​ကဲ၊ တ​ရား​သူ​ကြီး၊ အ​ခွန်​တော်​ဝန်၊ တိုင်​ပင်​မှူး​မတ်၊ မြို့​စာ​ရေး၊ နိုင်​ငံ​တော် အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် စု​ဝေး​ရောက်​လာ၍၊ တည်​ထား​တော်​မူ​သော ရုပ်​တု​ရှေ့​မှာ ရပ်​နေ​ကြ၏။ ထို​အ​ခါ သံ​တော်​ဆင့်​တစ်​ယောက်​က၊ အ​သီး​သီး အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို​ပြော​သော လူ​အ​မျိုး​မျိုး​တို့၊ တံ​ပိုး၊ ခ​ရာ၊ စောင်း၊ ပု​လွေ၊ တ​ယော၊ ပတ်​သာ အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​တီး​မှုတ်​ခြင်း​အ​သံ​ကို ကြား​သော​အ​ခါ၊ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​တည်​ထား​တော်​မူ​သော ရွှေ​ရုပ်​တု​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ရ​ကြ​မည်။ မ​ပျပ်​ဝပ်​မ​ကိုး​ကွယ်​ဘဲ​နေ​သော​သူ မည်​သည်​ကို မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​သို့ ချက်​ချင်း​ချ​ပစ်​စေ​ဟု အ​မိန့်​တော်​မြတ်​ရှိ​သည်​ဟု ဟစ်​ကြော်၏။ ထို​ကြောင့်၊ လူ​အ​ပေါင်း​တို့​သည် တံ​ပိုး၊ ခ​ရာ၊ စောင်း၊ ပု​လွေ၊ တ​ယော၊ ပတ်​သာ အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး တီး​မှုတ်​ခြင်း​အ​သံ​ကို ကြား​သော​အ​ခါ၊ အ​သီး​သီး​အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို​ပြော​သော လူ​အ​မျိုး​မျိုး​အ​ပေါင်း​တို့​သည် ပျပ်​ဝပ်၍၊ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး တည်​ထား​သော ရွှေ​ရုပ်​တု​ကို ကိုး​ကွယ်​ကြ၏။ ထို​အ​ခါ၊ ခါ​လ​ဒဲ​လူ​အ​ချို့​တို့​သည် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​ထံ​တော်​သို့ ချဉ်း​ကပ်​လျက်၊ အ​ရှင်​မင်း​ကြီး၊ အ​သက်​တော်​အ​စဉ်​အ​မြဲ ရှင်​ပါ​စေ။ တံ​ပိုး၊ ခ​ရာ၊ စောင်း၊ ပု​လွေ၊ တ​ယော၊ ပတ်​သာ အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​တီး​မှုတ်​ခြင်း​အ​သံ​ကို ကြား​သော​သူ​ရှိ​သ​မျှ​တို့​သည် ရွှေ​ရုပ်​တု​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ရ​ကြ​မည်။ မ​ပျပ်​ဝပ်​မ​ကိုး​ကွယ်​ဘဲ နေ​သော​သူ​မည်​သည်​ကို မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​သို့​ချ​ပစ်​စေ​ဟု အ​မိန့်​တော်​မြတ်​ရှိ​ပါ၏။ အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည် ဗာ​ဗု​လုန်​နိုင်​ငံ​တွင် ဝန်​အ​ရာ၌ ခန့်​ထား​တော်​မူ​သော ယု​ဒ​လူ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​အ​မည်​ရှိ​သော သူ​တို့​သည် အာ​ဏာ​တော်​ကို ပ​မာ​ဏ​မ​ပြု​ပါ။ ကိုယ်​တော်၏ ဘု​ရား​တို့​ကို ဝတ်​မ​ပြု​ပါ။ တည်​ထား​တော်​မူ​သော ရွှေ​ရုပ်​တု​ကို​လည်း မ​ကိုး​ကွယ်​ပါ​ဟု၊ ယု​ဒ​လူ​တို့​ကို အ​ပြစ်​တင်၍ လျှောက်​ထား​ကြ၏။ ထို​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် ပြင်း​စွာ​အ​မျက်​ထွက်၍၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ခေါ်​ချေ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လျှင်၊ ဟယ်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၊ ငါ၏​ဘု​ရား​တို့​ကို ဝတ်​မ​ပြု​လော။ ငါ​တည်​ထား​သော ရွှေ​ရုပ်​တု​ကို မ​ကိုး​ကွယ်​လော။ ယ​ခု​တွင် တံ​ပိုး၊ ခ​ရာ၊ စောင်း၊ ပု​လွေ၊ တ​ယော၊ ပတ်​သာ​အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​တီး​မှုတ်​ခြင်း အ​သံ​ကို ကြား​သော​အ​ခါ၊ ငါ​လုပ်​သော ရွှေ​ရုပ်​တု​ကို ပျပ်​ဝပ် ကိုး​ကွယ်​အံ့​သော​ငှာ အ​သင့်​နေ​ကြ။ သို့​မ​ဟုတ်​လျှင်၊ မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​သို့ ချက်​ချင်း​ချ​ပစ်​မည်။ ငါ၏​လက်​မှ ကယ်​လွှတ်​နိုင်​သော ဘု​ရား​ကား၊ အ​ဘယ်​ဘု​ရား​ရှိ​သ​နည်း​ဟု မိန့်​တော်​မူ၏။ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး နေ​ဗု​ခဒ်​နေ​ဇာ၊ အ​ကျွန်ုပ်​တို့​သည် ဤ​အ​မှု၌ ပြန်​လျှောက်​ရ​မည်​အ​ကြောင်း မ​ရှိ​ပါ။ အ​ကျွန်ုပ်​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည် မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​က အ​ကျွန်ုပ်​တို့​ကို ကယ်​လွှတ်​နိုင်​တော်​မူ၏။ ကိုယ်​တော်၏​လက်​မှ​လည်း ကယ်​လွှတ်​တော်​မူ​လိမ့်​မည်။ ထို​သို့ ကယ်​လွှတ်​တော်​မ​မူ​သော်​လည်း အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်၏​ဘု​ရား​တို့​ကို အ​ကျွန်ုပ်​တို့​သည် ဝတ်​မ​ပြု​ပါ။ တည်​ထား​တော်​မူ​သော ရွှေ​ရုပ်​တု​ကို​လည်း မ​ကိုး​ကွယ်​ပါ​ဟု ပြန်​လျှောက်​ကြ၏။ ထို​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် ပြင်း​စွာ အ​မျက်​ထွက်​သ​ဖြင့်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ကြည့်​ရှု၍ မျက်​နှာ​တော်​ပျက်​လျက်၊ မီး​ဖို​ကို အ​ရင်​ထက် ခု​နစ်​ဆ​တိုး၍ ပူ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​တို့​သည် ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို တုပ်​နှောင်၍၊ မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​သို့ ချ​ပစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​မိန့်​တော် ရှိ​သည်​အ​တိုင်း၊ ထို​သူ​သုံး​ယောက်​တို့​ကို ဘောင်း​ဘီ၊ အင်္ကျီ၊ ဝတ်​လုံ အ​စ​ရှိ​သည်​တို့​နှင့်​တ​ကွ တုပ်​နှောင်၍၊ မီး​လောင်​လျက် ရှိ​သော မီး​ဖို​ထဲ​သို့ ချ​ပစ်​ကြ​သော​အ​ခါ၊ ရှင်​ဘု​ရင်၏ အ​မိန့်​တော်​ကျပ်​တည်း၍ မီး​ဖို​သည် အ​လွန်​ပူ​သော​ကြောင့်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ဆွဲ​ချ​သော သူ​တို့​သည် မီး​လျှံ​အ​ရှိန်​ကြောင့် သေ​ကြ၏။ ထို​သူ​သုံး​ယောက်​တို့​မူ​ကား၊ တုပ်​နှောင်​လျက် ပြင်း​စွာ​လောင်​သော မီး​ဖို​ထဲ​သို့ ကျ​ရောက်​လေ၏။ ထို​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် အံ့​ဩ​မိန်း​မော၍ အ​လျင်​တ​ဆော​ထ​ပြီး​လျှင်၊ လူ​သုံး​ယောက်​တို့​ကို တုပ်​နှောင်၍ မီး​ထဲ​သို့ ချ​ပစ်​သည် မ​ဟုတ်​လော​ဟု တိုင်​ပင်​မှူး​မတ်​တို့​အား မေး​တော်​မူ၏။ မှူး​မတ်​တို့​က​လည်း၊ မှန်​ပါ၏​ဘု​ရား​ဟု ပြန်​လျှောက်​ကြ​လျှင်၊ ရှင်​ဘု​ရင်​က၊ လူ​လေး​ယောက်​တို့​သည် မ​တုပ်​မ​နှောင်​ဘဲ မီး​ထဲ၌​သွား​လာ၍ ဘေး​ဥ​ပဒ်​နှင့် ကင်း​လွတ်​သည်​ကို ငါ​မြင်​သည်​တ​ကား။ စ​တု​တ္ထ​သူ​သည် ဘု​ရား​သား၏ အ​ဆင်း​သ​ဏ္ဌာန်​ရှိ​သည်​ဟု မိန့်​တော်​မူ၍၊ မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ဝ​နား​သို့ ချဉ်း​ကပ်​ပြီး​လျှင်၊ အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏​ကျွန်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၊ ထွက်၍​လာ​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည် မီး​ထဲ​က ထွက်​လာ​ကြ၏။ စော်​ဘွား၊ မြို့​ဝန်၊ စစ်​ကဲ၊ အ​တွင်း​ဝန်​တို့​သည် ဝိုင်း၍ မီး​မ​လောင်​နိုင်​သော ထို​သူ​တို့​ကို ကြည့်​ရှု​ကြ၏။ သူ​တို့​ဆံ​ခြည်​တစ်​ပင်​မျှ မ​မြိုက်၊ ဝတ်​လုံ​လည်း ခြား​နား​ခြင်း မ​ရှိ၊ မီး​လောင်​သော​အ​နံ့​လည်း ကင်း​လွတ်၏။ နေ​ဗု​ခဒ်​နေ​ဇာ မင်း​ကြီး​က​လည်း၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၏ ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ မိ​မိ​တို့​ဘု​ရား​မှ​တစ်​ပါး၊ အ​ခြား​သော ဘု​ရား​ကို ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကိုး​စား၍ မင်း​ကြီး​အ​မိန့်​တော်​ကို ဆန်​လျက်၊ မိ​မိ​တို့​ကိုယ်​ကို​ပင် အပ်​နှံ​သော ကျွန်​တော်​ရင်း​တို့​ရှိ​ရာ​သို့၊ ထို​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍ ကယ်​တင်​တော်​မူ​ပြီ။ ထို​ကြောင့်၊ အ​ရပ်​ရပ်​တို့၌​နေ၍ အ​သီး​သီး​အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​မျိုး​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၏ ဘု​ရား​သ​ခင်​အား ပြစ်​မှား​သော​စ​ကား​ကို ပြော​လျှင်၊ ထို​သူ​ကို အ​ပိုင်း​ပိုင်း​စဉ်း​စေ။ သူ၏​အိမ်​ကို​လည်း နောက်​ချေး​ပုံ​ဖြစ်​စေ​ဟု ငါ​အ​မိန့်​တော်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို​မျှ​လောက်​သော ကယ်​တင်​ခြင်း​ကို ထို​ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​ဘု​ရား​မျှ မ​ပြု​နိုင်​ဟု မိန့်​တော်​မူ​ပြီး​မှ၊ ဗာ​ဗု​လုန်​နိုင်​ငံ​တွင် ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ချီး​မြှောက်​တော်​မူ၏။

ဒံယေလ 3:1-30 Common Language Bible (BCL)

နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည်​အ​မြင့်​ပေ​ကိုး ဆယ်၊ အ​နံ​ကိုး​ပေ​ရှိ​သော​ရွှေ​ရုပ်​ကြီး​ကို သွန်း​လုပ်​စေ​ပြီး​လျှင်​ဗာ​ဗု​လုန်​ဒု​ရ​လွင် ပြင်​တွင်​တည်​ထား​စေ​တော်​မူ​၏။- မင်း​ကြီး​သည်​မင်း​ညီ​မင်း​သား​များ၊ ဘု​ရင်​ခံ များ၊ ဒု​တိ​ယ​ဘု​ရင်​ခံ​များ၊ တိုင်း​မင်း​ကြီး များ၊ ငွေ​တိုက်​စိုး​များ၊ တ​ရား​သူ​ကြီး​များ၊ ရဲ​မှူး​များ​အ​စ​ရှိ​သည့်​အ​ရာ​ရှိ​အ​ပေါင်း တို့​အား မိ​မိ​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး အ​နု​မော​ဒ​နာ​ပွဲ​ကို​တက်​ရောက်​ကြ​ရန် အ​မိန့်​ပေး​တော်​မူ​၏။- အ​ရာ​ရှိ​အ​ပေါင်း​တို့​သည်​ရွှေ​ရုပ်​ကြီး ၏​ရှေ့​တွင်​ရပ်​နေ​ကြ​သော​အ​ခါ၊- သံ​တော်​ဆင့်​တစ်​ဦး​က``ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​ဆို​ကြ​သော​လူ​မျိုး အ​သီး​သီး​နှင့်​နိုင်​ငံ​အ​သီး​သီး​က​လူ အ​ပေါင်း​တို့၊- သင်​တို့​သည်​တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​ကြား ရ​ပြီး​နောက်​ပ​လွေ၊ ပတ်​သာ၊ စောင်း​ကြီး၊ စောင်း ငယ်​တို့​ကို​တီး​မှုတ်​သံ​ကို​လည်း​ကောင်း၊ ထို နောက်​အ​ခြား​တူ​ရိ​ယာ​များ​တီး​မှုတ်​သံ ကို​လည်း​ကောင်း​ကြား​ကြ​လိမ့်​မည်။ တူ​ရိ​ယာ တီး​မှုတ်​သံ​စ​သည်​နှင့်​တစ်​ပြိုင်​နက် နေ​ဗု​ခဒ် နေ​ဇာ​မင်း​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး​ကို သင်​တို့​ဦး​ညွှတ်​ရှိ​ခိုး​ကြ​စေ။- ဦး​ညွှတ်​ရှိ​ခိုး​ခြင်း​မ​ပြု​သူ​မည်​သူ​မ​ဆို ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ​သော မီး​ဖို​ကြီး ထဲ​သို့​ချက်​ချင်း​ပစ်​ချ​ခြင်း​ကို​ခံ​စေ'' ဟု အ​သံ​ကျယ်​စွာ​ကြေ​ညာ​လေ​သည်။- သို့​ဖြစ်​၍​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ပြော ဆို​သော​လူ​မျိုး​အ​သီး​သီး​နှင့် နိုင်​ငံ​အ​သီး သီး​က​လူ​တို့​သည်​တူ​ရိ​ယာ​တီး​မှုတ်​သံ ကို​ကြား​သည်​နှင့်​တစ်​ပြိုင်​နက် နေ​ဗု​ခဒ် နေ​ဇာ​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး​ကို​ဦး ညွှတ်​ရှိ​ခိုး​ကြ​ကုန်​၏။ ဗာ​ဗု​လုန်​ပြည်​သား​အ​ချို့​တို့​သည်​ယု​ဒ အ​မျိုး​သား​တို့​အား ပြစ်​တင်​ပြော​ဆို​ရန် အ​ခွင့်​ကောင်း​ကို​ယူ​၍၊- နေ​ဗု​ခဒ်​နေ​ဇာ​မင်း​အား``အ​ရှင်​မင်း​ကြီး သက်​တော်​ရာ​ကျော်​ရှည်​ပါ​စေ။- တူ​ရိ​ယာ​စ​တင်​တီး​မှုတ်​သည်​နှင့်​တစ်​ပြိုင် နက်​ရွှေ​ရုပ်​ကြီး​အား​လူ​တိုင်း​ဦး​ညွှတ်​ရှိ ခိုး​စေ။- ထို​အ​ရုပ်​ကြီး​အား​ဦး​ညွှတ်​ခြင်း​မ​ပြု​သူ ဟူ​သ​မျှ​သည် ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ သော​မီး​ဖို​ကြီး​ထဲ​သို့​ပစ်​ချ​ခြင်း​ကို​ခံ​စေ ဟူ​၍​အ​ရှင်​အ​မိန့်​တော်​ထုတ်​ပြန်​ခဲ့​ပါ​၏။- ဗာ​ဗု​လုန်​နယ်​ကို​အုပ်​ချုပ်​ရန်​အ​ရှင်​မင်း ကြီး​တာ​ဝန်​ပေး​ထား​သူ​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​ဟူ​သော​ယု​ဒ​အ​မျိုး သား​များ​သည် အ​ရှင်​၏​အ​မိန့်​တော်​ကို မ​နာ​ခံ​ဘဲ​နေ​ကြ​ပါ​၏။ သူ​တို့​သည် အ​ရှင်​၏​ဘု​ရား​ကို​ရှိ​မ​ခိုး​ကြ​ပါ။ အရှင် တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး​ကို​လည်း​ဦး မ​ညွှတ်​ကြ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။ ထို​အ​ခါ​မင်း​ကြီး​သည်​ပြင်း​စွာ​အ​မျက် ထွက်​တော်​မူ​သ​ဖြင့် ထို​သူ​သုံး​ယောက်​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့​ရန်​အ​မိန့် ပေး​တော်​မူ​၏။- မင်း​ကြီး​က``ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ နေ​ဂေါ​တို့ သင်​တို့​သည်​ငါ​၏​ဘု​ရား​ကို​ရှိ မ​ခိုး၊ ငါ​စိုက်​ထူ​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး ကို​ဦး​မ​ညွှတ်​ဘဲ​နေ​ကြ​သည်​ဟု​ဆို​သည် မှာ​မှန်​သ​လော။- ယ​ခု​သင်​တို့​သည်​တံ​ပိုး​ခ​ရာ၊ ပ​လွေ၊ စောင်း ငယ်၊ ပတ်​သာ၊ စောင်း​ကြီး​နှင့်​အ​ခြား​တူ​ရိ ယာ​များ​တီး​မှုတ်​သံ​ကို​ကြား​သည်​နှင့်​တစ် ပြိုင်​နက်​ရွှေ​ရုပ်​ကြီး​ကို​ဦး​ညွှတ်​ရှိ​ခိုး​ကြ လော့။ အ​ကယ်​၍​ရှိ​မ​ခိုး​ကြ​ပါ​က​သင်​တို့ သည်​ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ​သော​မီး ဖို​ထဲ​သို့​ချက်​ချင်း​ပစ်​ချ​ခြင်း​ကို​ခံ​ရ ကြ​လတ္တံ့။ သင်​တို့​အား​ကယ်​နိုင်​မည့်​ဘု​ရား ရှိ​သည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​လော'' ဟု​မိန့်​တော်​မူ​၏။ ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့ က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​တို့​သည်​မိ​မိ တို့​အ​တွက်​ထု​ချေ​လျှောက်​လဲ​ကြ​မည် မ​ဟုတ်​ပါ။- အ​ကျွန်ုပ်​တို့​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် သည် အ​ကျွန်ုပ်​တို့​အား​ပြင်း​စွာ​အ​လျှံ​ထ လျက်​ရှိ​သော​မီး​ဖို​ကြီး​ထဲ​မှ​လည်း​ကောင်း၊ အ​ရှင်​၏​လက်​မှ​လည်း​ကောင်း​ကယ်​နိုင် လျှင်​လည်း​ကယ်​တော်​မူ​မည်။- ကယ်​တော်​မ​မူ​လျှင်​လည်း​အ​ကျွန်ုပ်​တို့ သည်​အ​ရှင်​၏​ဘု​ရား​ကို​ရှိ​မ​ခိုး၊ အ​ရှင် ၏​ရွှေ​ရုပ်​ကြီး​ကို​လည်း​ဦး​မ​ညွှတ်​ကြောင်း သိ​မှတ်​တော်​မူ​ပါ'' ဟု​ပြန်​လည်​လျှောက် ထား​ကြ​၏။ ထို​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​သည်​မိ​မိ​စိတ်​ကို မ​ချုပ်​တည်း​နိုင်​တော့​ဘဲ ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့် အ​ဗေ​ဒ​နေ​ဂေါ​တို့​အ​ပေါ်​တွင်​အ​မျက်​ထွက် ကာ​မျက်​နှာ​နီ​မြန်း​၍​လာ​တော်​မူ​၏။ ထို ကြောင့်​မင်း​ကြီး​သည်​မီး​ဖို​ကြီး​ကို​ခု​နစ်​ဆ မျှ​ပို​၍​ပူ​အောင်​မီး​ထိုး​စေ​တော်​မူ​ပြီး​လျှင်၊- မိ​မိ​၏​တပ်​မ​တော်​တွင်​ခွန်​အား​အ​ကြီး​မား ဆုံး​သော​သူ​တို့​အား ထို​သူ​သုံး​ယောက်​ကို ပြင်း​စွာ​အ​လျှံ​ထ​လျက်​ရှိ​သော​မီး​ဖို​ကြီး ထဲ​သို့​ပစ်​ချ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။- သို့​ဖြစ်​၍​သူ​တို့​သည်​ထို​သူ​သုံး​ယောက်​တို့ အား​ဘောင်း​ဘီ၊ အင်္ကျီ၊ ဝတ်​လုံ​အင်္ကျီ​အ​စ​ရှိ သည့်​အ​ဝတ်​တန်​ဆာ​များ​နှင့်​တ​ကွ​တုပ် နှောင်​ပြီး​လျှင် ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ သော​မီး​ဖို​ကြီး​ထဲ​သို့​ပစ်​ချ​လိုက်​ကြ​၏။- မင်း​ကြီး​ကြပ်​တည်း​စွာ​မိန့်​မှာ​တော်​မူ​ခဲ့​သည့် အ​တိုင်း မီး​ဖို​ကြီး​ကို​အ​လွန့်​အ​လွန်​ပူ​အောင် ပြု​လုပ်​ထား​သ​ဖြင့်​ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ ဒ​နေ​ဂေါ​တို့​အား​မီး​ဖို​ကြီး​သို့​သယ်​ဆောင် လာ​သော​သူ​တို့​သည် မီး​လျှံ​အ​ရှိန်​ကြောင့် သေ​ကြ​ကုန်​၏။- သို့​ဖြစ်​၍​ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ တို့​သည် တုပ်​နှောင်​လျက်​ပင်​ပြင်း​စွာ​အ​လျှံ ထ​လျက်​နေ​သော​မီး​ဖို​ကြီး​ထဲ​သို့​ကျ ရောက်​သွား​ကြ​လေ​သည်။ ထို​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​သည်​အံ့​အား​သင့် လျက် ရုတ်​တ​ရက်​ထ​တော်​မူ​ပြီး​လျှင် မိ​မိ ၏​အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​များ​အား``ငါ​တို့ သည်​လူ​သုံး​ယောက်​တို့​ကို​တုပ်​နှောင်​၍​ပြင်း စွာ​အ​လျှံ​ထ​လျက်​ရှိ​သည့်​မီး​ဖို​ကြီး​ထဲ သို့​ပစ်​ချ​ခဲ့​ကြ​သည်​မ​ဟုတ်​ပါ​လော'' ဟု မေး​တော်​မူ​၏။ ထို​သူ​တို့​က``မှန်​ပါ​သည်​အ​ရှင်​မင်း​ကြီး'' ဟု​လျှောက်​ထား​လျှင်၊ မင်း​ကြီး​က``ယင်း​သို့​ဖြစ်​ပါ​မူ​မီး​ထဲ​တွင် လူ​လေး​ယောက်​သွား​လာ​နေ​သည်​ကို​အ​ဘယ် ကြောင့်​ငါ​မြင်​ရ​ပါ​သ​နည်း။ သူ​တို့​အား တုပ်​နှောင်​ထား​ခြင်း​လည်း​မ​ရှိ၊ သူ​တို့​သည် မီး​လောင်​ခံ​ကြ​ရ​ပုံ​လည်း​မ​ပေါ်။ ထို့​ပြင် စ​တုတ္ထ​လူ​သည်​ကောင်း​ကင်​တမန် နှင့်​တူ​သည်'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ပြင်း​စွာ အ​လျှံ​ထ​လျက်​နေ​သော​မီး​ဖို​ကြီး​အ​ဝ သို့​ချဉ်း​ကပ်​ပြီး​လျှင်``အ​မြင့်​မြတ်​ဆုံး​သော ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့၊ မီး​ဖို​ထဲ​မှ​ထွက်​လာ ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​သူ​တို့ သည်​ချက်​ချင်း​ပင်​ထွက်​လာ​ကြ​၏။- မင်း​ညီ​မင်း​သား​များ၊ ဘု​ရင်​ခံ​များ၊ ဒု​တိ​ယ ဘု​ရင်​ခံ​များ​နှင့်​ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​ရာ ရှိ​အ​ပေါင်း​တို့​သည် မီး​လောင်​ခြင်း​မ​ခံ​ရ ကြ​သော​လူ​သုံး​ဦး​တို့​ကို​ဝိုင်း​၍​ကြည့်​ရှု​ကြ ကုန်​၏။ ထို​သူ​တို့​၏​ဆံ​ခြည်​ပင်​တစ်​ပင်​မျှ မီး​မ​မြိုက်။ အ​ဝတ်​အင်္ကျီ​များ​သည်​မီး​မ​လောင်၊ သူ​တို့​ကိုယ်​မှ​မီး​ခိုး​နံ့​လည်း​မ​ရ။ မင်း​ကြီး​က``ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ နေ​ဂေါ​တို့​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ကောင်း ကင်​တ​မန်​ကို​စေ​လွှတ်​တော်​မူ​၍ မိ​မိ​ကို​ယုံ ကြည်​ကိုး​စား​ကြ​သော​ဤ​သူ​သုံး​ဦး​တို့ အား​ကယ်​တင်​တော်​မူ​၏။ သူ​တို့​သည်​မိ​မိ တို့​၏​ဘု​ရား​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​ကို ဦး​ညွှတ်​ရှိ​ခိုး​မည့်​အ​စား မိ​မိ​တို့​အ​သက် ဘေး​ကို​ပင်​ပ​မာ​ဏ​မ​ပြု​ဘဲ​ငါ​၏​အ​မိန့် ကို​ဖီ​ဆန်​ခဲ့​ကြ​၏။ ``ထို​ကြောင့်​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ကို ပြော​ဆို​သော​လူ​မျိုး​အ​သီး​သီး​နှင့်​နိုင်​ငံ အ​သီး​သီး​က​မည်​သူ​မ​ဆို​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့​၏​ဘု​ရား​အား​မ​ရို မ​သေ​ပြော​ဆို​သည်​ဆို​အံ့၊ ထို​သူ​အား​အ​ပိုင်း ပိုင်း​ဖြတ်​၍​နေ​အိမ်​ကို​လည်း ပြာ​ပုံ​ဖြစ်​စေ ဟု​ယ​ခု​ငါ​အ​မိန့်​ပေး​၏။ ထို​သူ​သုံး​ဦး​တို့ ၏​ဘု​ရား​ကဲ့​သို့​အ​ဘယ်​ဘု​ရား​မျှ​မ​ကယ် တင်​နိုင်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​မင်း​ကြီး​သည် ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့် အ​ဗေ​ဒ​နေ​ဂေါ​တို့​အား ဗာ​ဗု​လုန်​ပြည် နယ်​တွင်​ပို​မို​ကြီး​မြင့်​သည့်​ရာ​ထူး​များ ဖြင့်​ချီး​မြှင့်​တော်​မူ​လေ​သည်။

ဒံယေလ 3:1-30 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်နေ့တွင် နေဗုခဒ်နေဇာ​မင်းကြီး​သည် အမြင့်​အတောင်​ခြောက်ဆယ်​၊ အကျယ်​ခြောက်​တောင်​ရှိ​သော ရွှေ​ရုပ်တု​တစ်​ခု​ကို ထုလုပ်​ပြီး ဘေဘီလုံ​နယ်မြေ​ရှိ ဒုရ​လွင်ပြင်​၌ ထားရှိ​၍ မင်းညီမင်းသား​များ​၊ ဝန်ကြီး​များ​၊ ဘုရင်ခံ​များ​၊ အတိုင်ပင်ခံ​များ​၊ ဘဏ္ဍာစိုး​များ​၊ တရားဝန်ကြီး​များ​၊ မင်းအရာရှိ​များ​မှစ၍ နယ်ပိုင်​အပေါင်း​တို့​စုရုံး​၍ သူ​တည်​ထား​သော​ရုပ်တုကြီး​၏​အနုမောဒနာ​ပွဲ​သို့ လာရောက်​ကြ​ရန် ဆင့်ခေါ်​လေ​၏​။ ထို့ကြောင့် မင်းညီမင်းသား​များ​၊ ဝန်ကြီး​များ​၊ ဘုရင်ခံ​များ​၊ အတိုင်ပင်ခံ​များ​၊ ဘဏ္ဍာစိုး​များ​၊ တရားဝန်ကြီး​များ​၊ မင်းအရာရှိ​များ​မှစ၍ နယ်ပိုင်​အပေါင်း​တို့​သည် နေဗုခဒ်နေဇာ​မင်းကြီး​တည်​ထား​သော​ရုပ်တု​၏​အနုမောဒနာ​ပွဲ​သို့ စုရုံး​လာ​ကြ​ပြီး နေဗုခဒ်နေဇာ​မင်းကြီး​တည်​ထား​သော​ရုပ်တု​ရှေ့​၌ ရပ်​နေ​ကြ​၏​။ သံတော်ဆင့်​တစ်ဦး​က “​အို နိုင်ငံ​အသီးသီး​မှ ဘာသာစကား​အမျိုးမျိုး​ကို​ပြောဆို​ကြ​သော​လူမျိုး​အပေါင်း​တို့​၊ သင်​တို့​အတွက် အမိန့်​တော်​ရှိ​၏​။ တံပိုး​၊ ပလွေ​၊ ဒုံမင်း​၊ စောင်းကောက်​၊ စောင်းပြား​၊ အိတ်ပလွေ​မှစ၍ တူရိယာ​အမျိုးမျိုး​တို့​တီးမှုတ်သံ​ကို သင်​တို့​ကြား​ရ​သောအခါ နေဗုခဒ်နေဇာ​မင်းကြီး​တည်​ထား​သော​ရွှေ​ရုပ်တု​ကို ပျပ်ဝပ်​ရှိခိုး​ကြ​ရ​မည်​။ မ​ပျပ်ဝပ်​မ​ရှိခိုး​သော​သူ မည်သူမဆို မီးတောက်လောင်​နေ​သော​မီးပြင်းဖို​ထဲသို့ ချက်ချင်း​ပစ်ချ​ခြင်း ခံရ​မည်​”​ဟု ကျယ်လောင်​စွာ ကြေညာ​လေ​၏​။ ထို့ကြောင့် နိုင်ငံ​အသီးသီး​မှ ဘာသာစကား​အမျိုးမျိုး​ကို​ပြောဆို​သော​လူမျိုး​အပေါင်း​တို့​သည် တံပိုး​၊ ပလွေ​၊ ဒုံမင်း​၊ စောင်းကောက်​၊ စောင်းပြား​မှစ၍ တူရိယာ​အမျိုးမျိုး​တီးမှုတ်သံ​ကို ကြား​လျှင်​ကြား​ချင်း နေဗုခဒ်နေဇာ​မင်းကြီး တည်​ထား​သော​ရွှေ​ရုပ်တု​ကို ပျပ်ဝပ်​ရှိခိုး​ကြ​၏​။ ထိုအခါ ခါလဒဲ​ပညာရှိ​တို့​သည် လာ​၍ ဂျူး​လူမျိုး​တို့​ကို စွပ်စွဲ​ကြ​၏​။ သူ​တို့​သည် နေဗုခဒ်နေဇာ​မင်းကြီး​အား “​အရှင်မင်းကြီး​၊ သက်​တော်​ထာဝရ​တည်​ပါစေသော​။ အို အရှင်မင်းကြီး​၊ မင်းကြီး​က တံပိုး​၊ ပလွေ​၊ ဒုံမင်း​၊ စောင်းကောက်​၊ စောင်းပြား​၊ အိတ်ပလွေ​မှစ၍ တူရိယာ​အမျိုးမျိုး​တို့​တီးမှုတ်သံ​ကို​ကြား​သော​သူ​တိုင်း ရွှေ​ရုပ်တု​ကို ပျပ်ဝပ်​ရှိခိုး​ရ​မည်​။ မ​ပျပ်ဝပ် မ​ရှိခိုး​သော​သူ မည်သူမဆို မီးတောက်လောင်​နေ​သော​မီးပြင်းဖို​ထဲသို့ ပစ်ချ​ခြင်း​ခံရ​မည်​ဟု အမိန့်​ထုတ်ပြန်​ခဲ့​ပါ​၏​။ ဘေဘီလုံ​နယ်မြေ​တွင် အုပ်ချုပ်ရေးမှူး​အဖြစ် မင်းကြီး​ခန့်ထား​သော ဂျူး​လူမျိုး ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​သည် မင်းကြီး​ထုတ်ပြန်​သော​အမိန့်​ကို အလေး​မ​ထား​ကြ​ပါ​။ မင်းကြီး​၏​ဘုရား​များ​ကို မ​ကိုးကွယ်​သည်​သာမက ယခု​တည်​ထား​သော​ရွှေ​ရုပ်တု​ကို​လည်း မ​ရှိခိုး​ကြ​ပါ​”​ဟု တိုင်ကြား​လေ​၏​။ ထိုအခါ နေဗုခဒ်နေဇာ​မင်းကြီး​သည် အမျက်​ပြင်းစွာ​ထွက်​၍ ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​ကို ခေါ်ဆောင်​လာ​ရန် အမိန့်ပေး​၏​။ ဘုရင့်​ရှေ့မှောက်​သို့ သူ​တို့ ရောက်လာ​သောအခါ နေဗုခဒ်နေဇာ​မင်းကြီး​က “​ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​၊ သင်​တို့​သည် ငါ့​ဘုရား​များ​ကို မ​ကိုးကွယ်​၊ ငါ​တည်​ထား​သော​ရွှေ​ရုပ်တု​ကို​လည်း မ​ရှိခိုး​ဘဲ နေ​ကြ​သည်​မှာ မှန်​သလော​။ ယခု သင်​တို့​သည် တံပိုး​၊ ပလွေ​၊ ဒုံမင်း​၊ စောင်းကောက်​၊ စောင်းပြား​၊ အိတ်ပလွေ​မှစ၍ တူရိယာ​အမျိုးမျိုး​တို့​တီးမှုတ်သံ​ကို​ကြား​လျှင် ငါ​တည်​ထား​သော​ရုပ်တု​ကို ပျပ်ဝပ်​ရှိခိုး​ရန် အသင့်ရှိ​ရ​မည်​။ သင်​တို့​မ​ရှိခိုး​ပါက မီးတောက်လောင်​နေ​သော​မီးပြင်းဖို​ထဲသို့ ချက်ချင်း​ပစ်ချ​ခြင်း​ခံရ​မည်​။ သင်​တို့​ကို ငါ့​လက်​မှ မည်သည့်​ဘုရား​က ကယ်တင်​မည်နည်း​”​ဟု မိန့်​တော်မူ​၏​။ ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​က​လည်း “​အို နေဗုခဒ်နေဇာ​မင်းကြီး​၊ ဤ​ကိစ္စ​နှင့်​ပတ်သက်၍ အကျွန်ုပ်​တို့​သည် မင်းကြီး​အား ပြန်လျှောက်စရာ​အကြောင်း ဘာမျှ​မ​ရှိ​ပါ​။ အကျွန်ုပ်​တို့ ကိုးကွယ်​သော​ဘုရားသခင်​သည် မီးတောက်လောင်​နေ​သော​မီးပြင်းဖို​ထဲမှ အကျွန်ုပ်​တို့​ကို ကယ်တင်​နိုင်​ပါ​၏​။ အရှင်မင်းကြီး​လက်​မှ​လည်း အကျွန်ုပ်​တို့​ကို ကယ်တင်​တော်မူ​လိမ့်မည်​။ ထိုသို့ ကယ်တင်​တော်​မ​မူ​လျှင်​လည်း အကျွန်ုပ်​တို့​သည် အရှင်မင်းကြီး​၏​ဘုရား​များ​ကို မ​ကိုးကွယ်​၊ မင်းကြီး​တည်​ထား​သော​ရွှေ​ရုပ်တု​ကို​လည်း ရှိခိုး​မည်​မ​ဟုတ်​ကြောင်း သိမှတ်​တော်မူ​ပါ​”​ဟု မင်းကြီး​အား ပြန်လျှောက်​ကြ​၏​။ ထိုအခါ နေဗုခဒ်နေဇာ​မင်းကြီး​က ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​အား အမျက်​ပြင်းစွာ​ထွက်​၍ မျက်စိမျက်နှာ​ပျက်​လေ​၏​။ ထို့ကြောင့် မီးပြင်းဖို​ကို ပုံမှန်​ထက်​ခုနစ်ဆ​တိုး​၍​ပူ​စေရန် အမိန့်ပေး​လေ​၏​။ ထို့နောက် မိမိ​စစ်သည်​ထဲမှ ခွန်အားကြီး​သော​သူ​တို့​အား ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​ကို တုပ်နှောင်​၍ မီးတောက်လောင်​နေ​သော​မီးပြင်းဖို​ထဲသို့ ပစ်ထည့်​ရန် အမိန့်ပေး​လေ​၏​။ ဤသို့ဖြင့် ထို​သူ​သုံး​ဦး​တို့​သည် ဝတ်ရုံ​၊ ဘောင်းဘီ​၊ ခေါင်းပေါင်း​၊ အဝတ်တန်ဆာ​တို့​နှင့်တကွ တုပ်နှောင်​ခံရ​၍ မီးတောက်လောင်​နေ​သော​မီးပြင်းဖို​ထဲသို့ ပစ်ချ​ခံရ​လေ​၏​။ ပြင်းထန်​သော​ဘုရင့်​အမိန့်​တော်​ကြောင့် ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​ကို ဆွဲခေါ်​လာ​သူ​တို့​ပင် မီးပြင်းဖို​မှ မီး​လျှံ​အပူရှိန်​ကြောင့် သေ​ကြ​ကုန်​၏​။ ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​သုံး​ဦး​တို့​သည်​လည်း တုပ်နှောင်​ခံရ​လျက်ပင် မီးတောက်လောင်​နေ​သော​မီးပြင်းဖို​ထဲသို့ ရောက်သွား​လေ​၏​။ ထိုအခါ နေဗုခဒ်နေဇာ​မင်းကြီး​သည် အလွန်​အံ့အားသင့်​လျက် ရုတ်တရက်​ထ​၍ မိမိ​အတိုင်ပင်ခံ​တို့​အား “​ငါ​တို့​သည် လူ​သုံး​ဦး​ကို​တုပ်နှောင်​၍ မီး​ထဲသို့​ပစ်ချ​ခဲ့​သည်​မ​ဟုတ်​လော​”​ဟု မေး​ရာ သူ​တို့​က​လည်း “​မှန်​ပါ​သည် အရှင်မင်းကြီး​”​ဟု ပြန်လျှောက်​ကြ​၏​။ ရှင်ဘုရင်​က​လည်း “​ကြည့်​ကြ​လော့​။ လူ​လေး​ဦး​တို့​သည် ထိခိုက်မှု​မ​ရှိ​။ အတုပ်အနှောင်​ကင်း​လျက် မီး​ထဲ၌​သွားလာ​နေ​ကြ​သည်​ကို ငါ​မြင်​ရ​၏​။ လေး​ယောက်​မြောက်​သော​သူ​သည် ဘုရား​သား​တော်​နှင့်​အဆင်းသဏ္ဌာန် တူ​၏​”​ဟု မိန့်ဆို​၏​။ ထို့နောက် နေဗုခဒ်နေဇာ​မင်းကြီး​သည် မီးတောက်​နေ​သော​မီးပြင်းဖို​အဝ​သို့ သွား​၍ “​အမြင့်ဆုံး​သော​ဘုရားသခင်​၏​ကျွန် ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​၊ ထွက်လာ​ကြ​လော့​။ မီး​ထဲမှ ထွက်လာ​ကြ​လော့​”​ဟု မိန့်ဆို​၏​။ ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​က​လည်း မီး​ထဲမှ ထွက်လာ​ကြ​၏​။ ထိုအခါ မင်းညီမင်းသား​များ​၊ ဝန်ကြီး​များ​၊ ဘုရင်ခံ​များ​၊ ဘုရင့်​အတိုင်ပင်ခံ​များ ဝိုင်းအုံ​ကြည့်​ကြ​ရာ ထို​သူ​တို့​၏​ကိုယ်ခန္ဓာ​ကို မီး​မ​လောင်​၊ ဦးခေါင်း​မှ​ဆံပင်​လည်း မီး​မ​ဟပ်​၊ ဝတ်ရုံ​များ​လည်း မ​ပျက်စီး​၊ သူ​တို့​ကိုယ်​တွင်​လည်း မီးခိုးနံ့​ပင် မ​ရ​ကြောင်း​ကို တွေ့​ရ​လေ​၏​။ နေဗုခဒ်နေဇာ​မင်းကြီး​က​လည်း “​ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​၏​ဘုရားသခင်​သည် မင်္ဂလာ​ရှိ​ပါစေသော​။ သူ​တို့​သည် မိမိ​တို့​ဘုရား​မှတစ်ပါး အခြား​ဘုရား​ကို မ​ကိုးကွယ်​မ​ရှိခိုး​။ ဘုရင့်​အမိန့်​အား ဆန့်ကျင်​၍ မိမိ​တို့​အသက်​ကို​ပင် စတေး​ခဲ့​ကြ​ပြီ​။ ကိုယ်တော်​သည်​လည်း သူ့​ကို​ယုံကြည်ကိုးစား​သော သူ့​အစေအပါး​တို့​အား ကောင်းကင်တမန်​ကို စေလွှတ်​၍​ကယ်​တော်မူ​ပြီ​။ ထို့ကြောင့် ယခု ငါ​အမိန့်​ထုတ်ပြန်​မည်​။ မည်သည့်​လူမျိုး​၊ မည်သည့်​တိုင်းနိုင်ငံသား​၊ မည်သည့်​ဘာသာစကား​ပြောဆို​သော​သူ​မဆို ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​၏​ဘုရားသခင်​ကို ဆန့်ကျင်​ပြောဆို​လျှင် သူ့​ကို အပိုင်းပိုင်း​ခုတ်ဖြတ်​ပစ်​မည်​။ သူ့​အိမ်​ကို​လည်း မစင်ပုံ​ဖြစ်​စေ​မည်​။ ဤ​ဘုရား​ကဲ့သို့ ကယ်နုတ်​နိုင်​သော​ဘုရား​မ​ရှိ​”​ဟု အမိန့်​ထုတ်ပြန်​လေ​၏​။ ထို့နောက် ရှင်ဘုရင်​သည် ဘေဘီလုံ​နယ်မြေ​တွင် ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​ကို ချီးမြှင့်​မြှောက်စား​လေ​၏​။