တရားဟောရာ 28:12
တရားဟောရာ 28:12 Judson Bible (JBMLE)
ထာဝရဘုရားသည် အချိန်တန်မှ သင်၏ပြည်၌ မိုးရွာစေခြင်းငှာလည်းကောင်း၊ သင်ပြုလေရာရာ၌ ကောင်းချီးပေးခြင်းငှာလည်းကောင်း၊ ဘဏ္ဍာတော်တိုက်တည်းဟူသော မိုးကောင်းကင်ကိုဖွင့်တော်မူမည်။ သင်သည် လူမျိုးများတို့အား ချေးငှားရသောအခွင့် ရှိလိမ့်မည်။ သူတို့သည် သင့်အားချေးငှားရသောအခွင့် မရှိရ။
တရားဟောရာ 28:12 Common Language Bible (BCL)
ကိုယ်တော်ရှင်သည်မိုးကောင်းကင်ကိုဖွင့်၍ ရာသီအလိုက်မိုးကိုရွာစေလျက်သင်လုပ် ဆောင်သမျှကိုအောင်မြင်စေတော်မူသဖြင့် သင်တို့သည်နိုင်ငံများစွာတို့အားချေးငှား ရလိမ့်မည်။ သို့ရာတွင်သင်တို့သည်မည်သည့် နိုင်ငံထံမှချေးယူရန်လိုမည်မဟုတ်။
တရားဟောရာ 28:12 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထာဝရဘုရားသည် ကြွယ်ဝသောမိုးကောင်းကင်ဘဏ္ဍာတိုက်ကို ဖွင့်ပေးတော်မူပြီး သင်၏ပြည်၌ မိုးကို သူ့အချိန်နှင့်သူရွာစေတော်မူ၍ သင်လုပ်ဆောင်လေရာရာတို့ကိုကောင်းချီးပေးတော်မူမည်။ သင်သည် လူမျိုးများစွာတို့အား ချေးငှားပေးရမည်။ ချေးယူရမည်မဟုတ်။