ဒေသနာ 12:1-2
ဒေသနာ 12:1-2 Common Language Bible (BCL)
ငါနေ၍ မပြောနိုင်ဟုဆိုရသော ကာလသည် မနီး၊ ဆိုးသောကာလမရောက်မှီ၊ ယခုအသက်ပျိုစဉ်အခါ ပင်၊ သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့ လော့။ နေနှင့်အလင်း၊ လနှင့်ကြယ်တို့သည် ကွယ်၍ မိုဃ်းရွာပြီးမှ၊ အထပ်ထပ်ရွာတတ်သော ကာလမရောက် မှီ အောက်မေ့လော့။
ဒေသနာ 12:1-2 Judson Bible (JBMLE)
ငါနေ၍ မပျော်နိုင်ဟုဆိုရသော ကာလသည်မနီး၊ ဆိုးသောကာလမရောက်မီ၊ ယခုအသက်ပျိုစဉ်အခါပင်၊ သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့။ နေနှင့် အလင်း၊ လနှင့် ကြယ်တို့သည် ကွယ်၍မိုးရွာပြီးမှ၊ အထပ်ထပ်ရွာတတ်သောကာလမရောက်မီ အောက်မေ့လော့။
ဒေသနာ 12:1-2 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သင်၏အသက်ပျိုရွယ်သောနေ့ရက်များ၌ သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့။ ဘေးဒုက္ခခံရာနေ့ရက်များရောက်လာသဖြင့် “ငါ၌မည်သည့်ပျော်ရွှင်မှုမျှမရှိ”ဟု သင်ပြောဆိုသောနှစ်ကာလများမကျရောက်မီ၊ နေနှင့်အလင်း၊ လနှင့်ကြယ်တို့ မှောင်မသွားမီ၊ မိုးရွာပြီးနောက် တိမ်တိုက်များပြန်မလာမီ ကိုယ်တော်ကိုအောက်မေ့လော့။