YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 3:1-4

ဒေသနာ 3:1-4 Judson Bible (JBMLE)

ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​သည် မိ​မိ​တို့​အ​ချိန်​ရှိ၏။ မိုး​ကောင်း​ကင်​အောက်၌ ကြံ​စည်​သ​မျှ အ​သီး​အ​သီး​တို့​ကို ပြု​ရ​သော​အ​ချိန်​ရှိ၏။ ဖွား​ချိန်​နှင့် သေ​ချိန်​လည်း​ရှိ၏။ စိုက်​ပျိုး​ရ​သော​အ​ချိန်​နှင့် စိုက်​ပျိုး​ရ​သော​အ​ရာ​ကို နုတ်​ရ​သော​အ​ချိန်​လည်း ရှိ၏။ သတ်​ရ​သော​အ​ချိန်​နှင့် အ​နာ​ပျောက်​စေ​ရ​သော အ​ချိန်​လည်း​ရှိ၏။ ဖြို​ဖျက်​ရ​သော​အ​ချိန်​နှင့် တည်​ဆောက်​ရ​သော အ​ချိန်​လည်း​ရှိ၏။ ငို​ရ​သော​အ​ချိန်​နှင့် ရယ်​ရ​သော​အ​ချိန်​လည်း​ရှိ၏။ ညည်း​တွား​ရ​သော​အ​ချိန်​နှင့် က​ခုန်​ရ​သော​အ​ချိန်​လည်း ရှိ၏။

ဒေသနာ 3:1-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ခပ်သိမ်း​သော​အရာ​အတွက် သတ်မှတ်​ထား​သော​အချိန်အခါ​ရှိ​၍ ကောင်းကင်​အောက်​ရှိ ခပ်သိမ်း​သော​အကြောင်းကိစ္စ​အတွက် သူ့​အချိန်​ရှိ​၏​။ မွေးဖွား​ရ​သော​အချိန်​နှင့် သေဆုံး​ရ​သော​အချိန်​ရှိ​၏​။ စိုက်ပျိုး​ရ​သော​အချိန်​နှင့် စိုက်ပျိုး​ထား​သော​အရာ​ကို မြေလှန်​ဖျက်ဆီး​ရ​သော​အချိန်​ရှိ​၏​။ သတ်​ရ​သော​အချိန်​နှင့် ကျန်းမာ​စေ​ရ​သော​အချိန်​ရှိ​၏​။ ဖြိုဖျက်​ရ​သော​အချိန်​နှင့် တည်ဆောက်​ရ​သော​အချိန်​ရှိ​၏​။ ငိုကြွေး​ရ​သော​အချိန်​နှင့် ရယ်မော​ရ​သော​အချိန်​ရှိ​၏​။ မြည်တမ်း​ရ​သော​အချိန်​နှင့် ကခုန်​ရ​သော​အချိန်​ရှိ​၏​။