ဧသတာ 3:6
ဧသတာ 3:6 Judson Bible (JBMLE)
သူတို့သည် မော်ဒကဲအမျိုးကို ဖော်ပြသောကြောင့်၊ မော်ဒကဲတစ်ယောက်တည်းကို ကွပ်မျက်လျှင်၊ စိတ်မပြေလောက်ဟု ဟာမန်သည် အောက်မေ့လျက်၊ မော်ဒကဲအမျိုးသားချင်း တည်းဟူသော အာရွှေရုနိုင်ငံ အရပ်ရပ်၌ရှိသော ယုဒလူအပေါင်းတို့ကို ဖျက်ဆီးခြင်းငှာ ရှာကြံလေ၏။
ဧသတာ 3:6 Common Language Bible (BCL)
မော်ဒကဲသည်ယုဒအမျိုးသားတစ်ဦး ဖြစ်ကြောင်းကိုလည်းသိရှိရသဖြင့် ဟာမန် သည်မော်ဒကဲတစ်ဦးတည်းကိုသာမဟုတ်၊ ပေရသိအင်ပါယာနိုင်ငံတော်အတွင်း ရှိ ရှိသမျှသောယုဒအမျိုးသားတို့ကိုပါ ကွပ်မျက်ရန်ကြံစည်လေသည်။
ဧသတာ 3:6 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
မော်ဒကဲ၏လူမျိုးအကြောင်းကို ဟာမန်အား ပြောပြထားကြပြီးဖြစ်၏။ ဟာမန်သည် မော်ဒကဲတစ်ဦးတည်းကိုသာသုတ်သင်ပစ်လျှင် မတန်ဟု မြင်သဖြင့် အာရွှေရုမင်းကြီး၏နိုင်ငံတစ်ဝန်းလုံးရှိ မော်ဒကဲ၏လူမျိုးဖြစ်သည့် ဂျူးလူမျိုးအားလုံးကိုပါ ဖျက်ဆီးပစ်ရန် ကြံစည်လေ၏။