YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 10:13-14

ထွက်မြောက်ရာ 10:13-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ဖြစ်၍ မောရှေ​သည် မိမိ​တောင်ဝှေး​ကို အီဂျစ်​ပြည်​ပေါ်သို့​ဆန့်​လိုက်​သော် ထာဝရဘုရား​သည် ထို​ပြည်​ပေါ်သို့ ထို​နေ့​တစ်နေ့လုံး ထို​ည​တစ်ညလုံး အရှေ့​လေ​ကို တိုက်ခတ်​စေ​တော်မူ​၏​။ နံနက်အချိန်​ရောက်​သောအခါ ထို​အရှေ့​လေ​သည် ကျိုင်းကောင်​များ​ကို သယ်ဆောင်​လာ​၏​။ အလွန်​များပြား​သော​ကျိုင်းကောင်​များ​သည် အီဂျစ်​ပြည်​တစ်ပြည်လုံး​ပေါ်သို့ တက်လာ​၍ အီဂျစ်​ပြည်​တစ်လျှောက်လုံး​တွင် နား​နေ​ကြ​၏​။ ထိုကဲ့သို့သော​ကျိုင်းကောင်​များ​သည် ယခင်​က​လည်း​မ​ရှိ​စဖူး​၊ နောင်တွင်​လည်း ရှိ​လိမ့်မည်​မ​ဟုတ်​။