YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 10:21-23

ထွက်မြောက်ရာ 10:21-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​စမ်းတဝါးဝါးသွားလာ​ရ​သည့် အမှောင်ထု​ကြီး​သည် အီဂျစ်​ပြည်​တစ်ပြည်လုံး​ပေါ်သို့ ကျရောက်​စေရန် သင်​၏​လက်​ကို ကောင်းကင်​သို့​ဆန့်​လော့​”​ဟု မိန့်​တော်မူ​၏​။ သို့ဖြစ်၍ မောရှေ​သည် မိမိ​လက်​ကို ကောင်းကင်​သို့​ဆန့်​လိုက်​ရာ အီဂျစ်​ပြည်​တစ်ပြည်လုံး​၌ သုံး​ရက်​ပတ်လုံး​အမှောင်ထုကြီး​ကျရောက်​၏​။ လူ​တို့​သည် တစ်ယောက်​ကို​တစ်ယောက်​မ​မြင်​နိုင်​ကြ​သဖြင့် သုံး​ရက်​ပတ်လုံး မည်သူမျှ မိမိ​နေရာ​မှ​မ​ထ​ကြ​ချေ​။ သို့သော် အစ္စရေး​အမျိုးသား​အပေါင်း​တို့​နေထိုင်​ရာ​အရပ်​၌ အလင်းရောင်​ရှိ​၏​။

ထွက်မြောက်ရာ 10:21-23 Judson Bible (JBMLE)

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က၊ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ မှောင်​မိုက် သာ​မ​ည​မ​ဟုတ်၊ စမ်း​သပ်၍​တွေ့​ရ​သော မှောင်​မိုက်​ဖြစ်​စေ​ခြင်း​ငှာ၊ သင်၏​လက်​ကို မိုး​ကောင်း​ကင်​သို့​ဆန့်​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည် မိ​မိ​လက်​ကို​မိုး​ကောင်း​ကင်​သို့​ဆန့်၍၊ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​၌ ထူ​ထပ်​သော​မှောင်​မိုက်​သည် သုံး​ရက်​ပတ်​လုံး ဖြစ်​လေ၏။ ထို​အ​ခါ တစ်​ယောက်​ကို​တစ်​ယောက် မ​မြင်​နိုင်​ကြ။ သုံး​ရက်​ပတ်​လုံး အ​ဘယ်​သူ​မျှ မိ​မိ​နေ​ရာ​မှ​မ​ထ​ရ​ကြ။ သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ မိ​မိ​တို့​နေ​ရာ၌ အ​လင်း​ကို​ရ​ကြ​၏။

ထွက်မြောက်ရာ 10:21-23 Common Language Bible (BCL)

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အီ ဂျစ်​ပြည်​တွင်​အ​လွန်​ထူ​ထပ်​သော​အ​မှောင်​ထု ဖုံး​လွှမ်း​စေ​ရန် သင်​၏​လက်​ကို​ကောင်း​ကင်​သို့ ဆန့်​လော့'' ဟု​မိန့်​တော်​မူ​၏။- မော​ရှေ​သည်​မိ​မိ​လက်​ကို​ကောင်း​ကင်​သို့​ဆန့် သ​ဖြင့် အီ​ဂျစ်​ပြည်​တစ်​လျှောက်​လုံး​တွင်​သုံး ရက်​မျှ​မှောင်​အ​တိ​လွှမ်း​လေ​၏။- အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက်​မ​မြင်​နိုင်​ကြ သ​ဖြင့် သုံး​ရက်​ပတ်​လုံး​မည်​သူ​မျှ​မိ​မိ နေ​အိမ်​မှ​မ​ထွက်​ချေ။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​နေ​ထိုင်​ရာ​အ​ရပ်​၌​မူ​ကား အ​လင်း​ရောင်​ရှိ​၏။