ထွက်မြောက်ရာ 17:6-7
ထွက်မြောက်ရာ 17:6-7 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ကြည့်ရှုလော့။ ငါသည် ဟောရပ်တောင်ရှိကျောက်ဆောင်ပေါ်တွင် သင့်ရှေ့၌ ရပ်နေမည်။ သင်သည် ထိုကျောက်ဆောင်ကိုရိုက်လော့။ ထိုကျောက်ဆောင်မှ ရေထွက်လာသဖြင့် လူတို့သည် ရေသောက်ရလိမ့်မည်”ဟု မိန့်တော်မူ၏။ မောရှေသည်လည်း အစ္စရေးသက်ကြီးဝါကြီးတို့၏မျက်မှောက်၌ ထိုအတိုင်းပြုလေ၏။ အစ္စရေးအမျိုးသားတို့သည် မောရှေအား ရန်တွေ့ကြသောကြောင့်လည်းကောင်း၊ “ထာဝရဘုရားသည် ငါတို့၌ရှိသလော၊ မရှိသလော”ဟု ဆိုလျက် ထာဝရဘုရားအား အကဲစမ်းကြသောကြောင့်လည်းကောင်း ထိုအရပ်၏အမည်ကို မဿာ ဟူ၍လည်းကောင်း၊ မေရိဘ ဟူ၍လည်းကောင်း ခေါ်လေ၏။
ထွက်မြောက်ရာ 17:6-7 Judson Bible (JBMLE)
ထိုအရပ်၌ရှိသောကျောက်ပေါ်တွင် သင့်ရှေ့မှာငါရပ်နေမည်။ သင်သည် ထိုကျောက်ကိုရိုက်ရမည်။ လူများသောက်ဖို့ ထိုကျောက်ထဲက ရေထွက်လိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။ မောရှေသည်လည်း ဣသရေလအမျိုး အသက်ကြီးသူတို့ရှေ့မှာ ထိုသို့ပြုလေ၏။ ဣသရေလအမျိုးသားတို့က၊ ထာဝရဘုရားသည် ငါတို့တွင်ရှိသလော၊ မရှိလောဟု ထာဝရဘုရားကိုစုံစမ်း၍ ရန်တွေ့သောအကြောင်းကြောင့်၊ ထိုအရပ်ကို မဿာနှင့်မေရိဘဟု သမုတ်သတည်း။
ထွက်မြောက်ရာ 17:6-7 Common Language Bible (BCL)
သိနာတောင်၌ရှိသောကျောက်ဆောင်အနီး တွင်ငါရပ်နေမည်။ သင်သည်ကျောက်ဆောင် ကိုရိုက်လော့။ ထိုကျောက်ဆောင်မှလူတို့ သောက်ရန်ရေစီးထွက်လာလိမ့်မည်'' ဟုမိန့် တော်မူ၏။ မောရှေသည်ဣသရေလအမျိုး သားခေါင်းဆောင်တို့ရှေ့မှောက်တွင် ထာဝရ ဘုရားမိန့်တော်မူသည့်အတိုင်းကျောက် ဆောင်ကိုရိုက်လေ၏။ ဣသရေလအမျိုးသားတို့က``ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိပါသလား'' ဟုမေးလျက်မောရှေအားညည်းညူ၍ထာဝရ ဘုရားကိုစုံစမ်းကြသဖြင့် ထိုအရပ်ကို``မဿာ'' ဟူ၍လည်းကောင်း``မေရိဘ'' ဟူ၍လည်းကောင်း ခေါ်ဝေါ်သမုတ်ကြသတည်း။