ထွက်မြောက်ရာ 2:11-12
ထွက်မြောက်ရာ 2:11-12 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
မောရှေအရွယ်ရောက်ပြီးနောက် တစ်နေ့သောအခါ သူသည် မိမိအမျိုးသားချင်းများထံသို့သွားရာ သူတို့သည် ကြမ်းတမ်းသောအလုပ်များ လုပ်ရသည်ကိုမြင်လေ၏။ ထိုအချိန်၌ မိမိအမျိုးသားချင်းဖြစ်သော ဟေဗြဲအမျိုးသားတစ်ဦးကို အီဂျစ်အမျိုးသားတစ်ဦးက ရိုက်နှက်နေသည်ကိုမြင်လျှင် သူသည် ဟိုဟိုသည်သည်ကြည့်၍ လူတစ်ဦးမျှမရှိသည်ကိုသိမြင်သောအခါ အီဂျစ်အမျိုးသားကို ရိုက်သတ်၍ သဲထဲ၌ မြှုပ်လိုက်လေ၏။
ထွက်မြောက်ရာ 2:11-12 Judson Bible (JBMLE)
မောရှေသည်ကြီးသောအခါ၊ မိမိအမျိုးသားချင်းတို့ရှိရာသို့သွား၍ သူတို့အမှုထမ်းရသောအခြင်းအရာတို့ကို ကြည့်ရှုလေ၏။ မိမိအမျိုးသားဟေဗြဲ လူတစ်ယောက်ကို၊ အဲဂုတ္တုလူရိုက်သည်ကိုမြင်လျှင်၊ ပတ်လည်ကြည့်ရှု၍ အဘယ်သူမျှမရှိသည်ကိုသိသောအခါ၊ အဲဂုတ္တုလူကိုသတ်၍ သဲထဲ၌မြှုပ်ထားလေ၏။
ထွက်မြောက်ရာ 2:11-12 Common Language Bible (BCL)
ကာလအတန်ကြာ၍မောရှေသည်အရွယ် ရောက်လာသောအခါ၊ သူ၏အမျိုးသားတို့ ထံသို့သွားရောက်လည်ပတ်လေ၏။ သူသည် မိမိ၏အမျိုးသားများဆင်းရဲပင်ပန်းစွာ အလုပ်ကြမ်းလုပ်နေရသည်ကိုတွေ့မြင်ရ၏။ အီဂျစ်အမျိုးသားတစ်ဦးကသူ၏အမျိုး သားဟေဗြဲလူမျိုးတစ်ယောက်အားရိုက်နှက် နေသည်ကိုမြင်ရသောအခါ၊- သူသည်ဟိုဟိုသည်သည်ကြည့်၍ မည်သူတစ် စုံတစ်ယောက်ကိုမျှမမြင်ရလျှင်၊ အီဂျစ် အမျိုးသားကိုသတ်၍အလောင်းကိုသဲထဲ ၌မြှုပ်ထားခဲ့လေသည်။