ဧဇရ 3:12
ဧဇရ 3:12 Judson Bible (JBMLE)
သို့ရာတွင် အသက်ကြီး၍ အရင်ဗိမာန်တော်ကို မြင်ဖူးသော ယဇ်ပုရောဟိတ်၊ လေဝိသား၊ အဆွေအမျိုး သူကြီးအများတို့သည်၊ နောက်ဗိမာန်တော် တိုက်မြစ်ကျလျက်ရှိသည်ကို မြင်သောအခါ၊ ကြီးစွာသောအသံနှင့် ငိုကြွေးကြ၏။ လူအများတို့သည်လည်း ဝမ်းမြောက်သောစိတ်နှင့် ကြွေးကြော်ကြ၏။
ဧဇရ 3:12 Common Language Bible (BCL)
ဗိမာန်တော်ဟောင်းကိုမြင်ဖူးသောအသက်ကြီး သူယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များ နှင့်သားချင်းစုဦးစီးအမြောက်အမြားတို့သည် ဤဗိမာန်တော်အုတ်မြစ်ချသည်ကိုမြင်သော် အော် ဟစ်ငိုကြွေးကြကုန်၏။ သို့ရာတွင်အခြားသူတို့ ကမူဝမ်းမြောက်စွာကြွေးကြော်ကြလေသည်။
ဧဇရ 3:12 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယခင်အိမ်တော်ကို မြင်ဖူးခဲ့သောသက်ကြီးပိုင်း ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများနှင့် အိမ်ထောင်စုအကြီးအမှူးများစွာတို့သည် ယခုအိမ်တော်အုတ်မြစ်ချသည်ကို မြင်ရသောအခါ အော်ဟစ်ငိုကြွေးကြလေ၏။ လူအများစုမှာမူ ဝမ်းမြောက်ဝမ်းသာစိတ်ဖြင့် ကြွေးကြော်ကြလေ၏။