ကမ္ဘာဦး 1:29
ကမ္ဘာဦး 1:29 Judson Bible (JBMLE)
ဘုရားသခင်ကလည်း၊ ကြည့်ရှုလော့။ မြေတစ်ပြင်လုံး၌ စပါးသီးကို ဖြစ်စေသော စပါးပင်အမျိုးမျိုးတို့ကိုလည်းကောင်း၊ မျိုးစေ့ကိုဖြစ်စေသော အသီးနှင့်ပြည့်စုံသော သစ်ပင်အမျိုးမျိုးတို့ကိုလည်းကောင်း၊ သင်တို့စားစရာဖို့ ငါပေး၏။
မျှဝေရန်
ကမ္ဘာဦး 1 ကိုဖတ်ပါ။ကမ္ဘာဦး 1:29 Common Language Bible (BCL)
ဘုရားသခင်ကလည်း``ကောက်ပဲသီးနှံအမျိုး မျိုး၊ သစ်သီးအမျိုးမျိုးတို့ကိုသင်တို့စားသုံး ရန်ငါပေး၏။
မျှဝေရန်
ကမ္ဘာဦး 1 ကိုဖတ်ပါ။ကမ္ဘာဦး 1:29 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
တစ်ဖန် ဘုရားသခင်က “ကြည့်ရှုလော့။ မြေတစ်ပြင်လုံးရှိ အစေ့အနှံထွက်သောအပင်ရှိသမျှနှင့် အတွင်း၌အစေ့ပါသည့်အသီးကိုသီးသော သစ်ပင်ရှိသမျှတို့ကို သင်တို့အားငါပေး၏။ ၎င်းတို့သည် သင်တို့အတွက် စားစရာဖြစ်ကြလိမ့်မည်။
မျှဝေရန်
ကမ္ဘာဦး 1 ကိုဖတ်ပါ။