ကမ္ဘာဦး 42:35-38
ကမ္ဘာဦး 42:35-38 Judson Bible (JBMLE)
မိမိတို့အိတ်များအထဲက စပါးကိုထုတ်သောအခါ၊ အသီးအသီးဆိုင်သော ငွေထုပ်တို့သည် မိမိတို့အိတ်၌ရှိကြ၏။ ငွေထုပ်များကို သူတို့နှင့်အဘသည် မြင်သောအခါ ကြောက်လန့်ကြ၏။ အဘယာကုပ်ကလည်း၊ သင်တို့သည် ငါ့သားတို့ကိုလုယူကြပြီ။ ယောသပ်မရှိ၊ ရှိမောင်မရှိ၊ ဗင်္ယာမိန်ကိုလည်း ယူသွားချင်သည်တကား။ ဤအမှုအလုံးစုံတို့သည် ငါနှင့်ဆန့်ကျင်ဘက်ဖြစ်သည်တကားဟု သူတို့အားဆို၏။ ရုဗင်ကလည်း၊ ကျွန်ုပ်သည်ဗင်္ယာမိန်ကို အဘထံသို့ ပြန်၍မဆောင်ခဲ့လျှင်၊ ကျွန်ုပ်သားနှစ်ယောက်တို့ကို သတ်ပါလော့။ သူ့ကိုကျွန်ုပ်လက်၌အပ်ပါ။ ကျွန်ုပ်တစ်ဖန် အဘထံသို့ပြန်၍ ဆောင်ခဲ့ပါမည်ဟု အဘအားဆို၏။ အဘကလည်း၊ သင်တို့နှင့်အတူငါ့သားမသွားရ။ သူ၏အစ်ကိုသေပြီ။ သူသည် တစ်ယောက်တည်းကျန်ရစ်၏။ သင်တို့သွားရာလမ်းခရီးတွင် သူ၌ဘေးရောက်လျှင်၊ သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ဆိုလေ၏။
ကမ္ဘာဦး 42:35-38 Common Language Bible (BCL)
သူတို့သည်စပါးအိတ်များကိုသွန်ချကြ သောအခါ လူတိုင်းကမိမိ၏ငွေထုပ်ကိုမိမိ အိတ်ထဲတွင်တွေ့ရလေသော် အဖနှင့်တကွ သားတို့သည်ကြောက်လန့်ကြ၏။- သူတို့အဖက``သင်တို့သည်ငါ့သားများကို တစ်ယောက်ပြီးတစ်ယောက်ဆုံးပါးစေတော့ မည်လော။ ယောသပ်လည်းမရှိ။ ရှိမောင်လည်း မရှိ။ ယခုဗင်္ယာမိန်ကိုခေါ်ဆောင်သွားကြ ဦးမည်လော။ ငါ၌အတိဒုက္ခရောက်ရပါ သည်တကား'' ဟုဆိုလေ၏။ ထိုအခါရုဗင်ကအဖအား``ဗင်္ယာမိန်ကို အဖထံသို့ကျွန်တော်ပြန်၍မခေါ်နိုင်ခဲ့ လျှင် ကျွန်တော်၏သားနှစ်ယောက်သေဒဏ်ခံ ရပါစေ။ သူ့အတွက်ကျွန်တော်တာဝန်ယူ ပါမည်။ အဖထံသို့သူ့ကိုကျွန်တော်အရောက် ပြန်လည်ခေါ်ဆောင်ခဲ့ပါမည်'' ဟုပြောလေ၏။ သို့ရာတွင်ယာကုပ်က``ငါ့သားကိုသင်တို့နှင့် အတူမလွှတ်နိုင်။ သူ၏အစ်ကိုသေဆုံးပြီဖြစ် ၍သူတစ်ယောက်တည်းကျန်ရစ်သည်။ ငါသည် အသက်အရွယ်အိုမင်းပါပြီ။ အကယ်၍ခရီး လမ်းတွင်သူသည်ဘေးဥပဒ်နှင့်တွေ့ကြုံရ သော် ငါသည်ဝမ်းနည်းကြေကွဲလျက်သေ ရပါမည်'' ဟုဆိုလေ၏။
ကမ္ဘာဦး 42:35-38 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် သူတို့သည် မိမိတို့အိတ်များကိုသွန်ချသောအခါ မိမိနှင့်ဆိုင်သောငွေထုပ်အသီးသီးသည် မိမိ၏အိတ်ထဲ၌ရှိ၏။ သူတို့နှင့်သူတို့၏ဖခင်သည် ထိုငွေထုပ်များကိုမြင်သောအခါ ကြောက်လန့်ကြ၏။ သူတို့၏ဖခင်ယာကုပ်က သူတို့အား “သင်တို့သည် ငါ့ကို သားဆုံးရှုံးအောင်ပြုကြပြီ။ ယောသပ်လည်းမရှိတော့ပြီ။ ရှိမောင်လည်းမရှိတော့ပြီ။ ဗင်္ယာမိန်ကိုလည်း သင်တို့ယူသွားလိုကြ၏။ ဤအမှုအားလုံးသည် ငါ၌ ဖြစ်လာကြပါပြီတကား”ဟု ဆိုလေ၏။ ထိုအခါ ရုဗင်က ဖခင်အား “အကျွန်ုပ်သည် ဗင်္ယာမိန်ကို အဖေ့ထံသို့ပြန်မခေါ်လာခဲ့လျှင် အကျွန်ုပ်၏သားနှစ်ယောက်ကိုသတ်ပါလော့။ ဗင်္ယာမိန်ကို အကျွန်ုပ်လက်၌အပ်ပါ။ အကျွန်ုပ်သည် သူ့ကို အဖေ့ထံသို့ ပြန်ခေါ်ဆောင်လာပါမည်”ဟု ဆို၏။ သို့သော် ယာကုပ်က “ငါ့သားသည် သင်တို့နှင့်အတူမသွားရ။ အကြောင်းမူကား သူ၏အစ်ကိုသေပြီ။ သူတစ်ယောက်တည်းကျန်၏။ အကယ်၍ သင်တို့သွားမည့်လမ်းခရီး၌ သူ့အပေါ်အန္တရာယ်ကျရောက်မည်ဆိုလျှင် သင်တို့သည် ဆံပင်ဖြူသူငါ့ကို ဝမ်းနည်းစွာဖြင့်မရဏာနိုင်ငံသို့ ဆင်းသွားစေရာရောက်လိမ့်မည်”ဟု ဆိုလေ၏။