YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 13:14-21

ဟေဗြဲ 13:14-21 Judson Bible (JBMLE)

အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ဤ​ဘ​ဝ၌ အ​မြဲ​တည်​သော​မြို့ မ​ရှိ၊ နောက်​ဖြစ်​လ​တ္တံ့​သော​မြို့​ကို ရှာ​ကြ၏။- ထို​ကြောင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ဝန်​ခံ​လျက်၊ နှုတ်​ခမ်း​အ​သီး​တည်း​ဟူ​သော ချီး​မွမ်း​ခြင်း​ယဇ်​ကို သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​စဉ်​ပူ​ဇော်​ကြ​ကုန်​အံ့။- ကျေး​ဇူး​ပြု​ခြင်း၊ ဥ​စ္စာ​ဝေ​မျှ​ခြင်း​အ​မှု​တို့​ကို မ​မေ့​မ​လျော့​ကြ​နှင့်။ ထို​သို့​သော​ယဇ်​ကို ဘု​ရား​သ​ခင်​သည် အား​ရ​နှစ်​သက်​တော်​မူ၏။ သင်​တို့​ကို အုပ်​သော​သူ​တို့၏ စ​ကား​ကို နား​ထောင်၍ နှိမ့်​ချ​လျက်​နေ​ကြ​လော့၊ သူ​တို့​သည် ကိုယ်​တိုင် စစ်​ကြော​ခြင်း​ကို ခံ​ရ​သော​သူ​ကဲ့​သို့၊ သင်​တို့ စိတ်​ဝိ​ညာဉ်၏ အ​ကျိုး​အ​လို​ငှာ စောင့်​နေ​ကြ​၏။ သင်​တို့​အ​ကျိုး​ကို မ​ဖြစ်​စေ​တတ်​သော ဝမ်း​နည်း​ခြင်း​မ​ရှိ၊ ဝမ်း​မြောက်​ခြင်း​ရှိ၍၊ သူ​တို့​သည် စစ်​ကြော​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း သ​တိ​ပြု​လျက်​နေ​ကြ​လော့။- ငါ​တို့​အ​ဖို့ ဆု​တောင်း​ကြ​လော့။ ငါ​တို့​သည် ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် ကြည်​လင်​လျက်၊ အ​ရာ​ရာ​တို့၌ ကောင်း​မွန်​စွာ​ကျင့်​နေ​ခြင်း​ငှာ အ​လို​ရှိ​သော​သူ​ဖြစ်​သည်​ဟု စိတ်​စွဲ​လမ်း​ခြင်း​ရှိ​ကြ၏။- ငါ​သည် သင်​တို့​ရှိ​ရာ​သို့ အ​လျင်​အ​မြန်​ပြန်​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ ငါ​တို့​အ​ဖို့ ဆု​တောင်း​မည်​အ​ကြောင်း ငါ​သည်​သာ၍ နှိုး​ဆော်​တောင်း​ပန်၏။ ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​တ​ရား၏ အ​သွေး​တော်​အား​ဖြင့်၊ သိုး​များ​ကို​ထိန်း​သော သိုး​ထိန်း​ကြီး​ဖြစ်​သော ငါ​တို့​သ​ခင်​ယေ​ရှု​ကို သေ​ခြင်း​မှ နုတ်​ဆောင်​တော်​မူ​သော၊ ငြိမ်​သက်​ခြင်း၏​အ​ရှင် ဘု​ရား​သ​ခင်​သည်၊- မိ​မိ​နှစ်​သက်​တော်​မူ​သော အ​မှု​အ​ရာ​ကို ယေ​ရှု​ခ​ရစ်​အား​ဖြင့် သင်​တို့၌​ပြု​တော်​မူ၍၊ သင်​တို့​သည် အ​လို​တော်​သို့ လိုက်​မည်​အ​ကြောင်း၊ ကောင်း​သော​အ​ကျင့် အ​မျိုး​မျိုး၌ သင်​တို့​ကို ပြု​ပြင်​တော်​မူ​ပါ​စေ​သော။ ထို​သ​ခင် ယေ​ရှု​ခ​ရစ်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။

ဟေဗြဲ 13:14-21 Common Language Bible (BCL)

အ​ဘယ်​ကြောင့်​ဆို​သော်​ဤ​လော​က​၌​ငါ​တို့ အ​တွက်​တည်​မြဲ​သော​မြို့​မ​ရှိ​သော​ကြောင့် ဖြစ်​၏။ ငါ​တို့​ကား​နောင်​အ​ခါ​ဖြစ်​ပေါ်​မည့် မြို့​ကို​စောင့်​မျှော်​လျက်​နေ​ကြ​ပေ​သည်။- သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​ကို​ငါ​တို့ ၏​အ​ရှင်​သ​ခင်​အ​ဖြစ်​ဝန်​ခံ​သော​နှုတ်​များ ဖြင့် ဂုဏ်​တော်​ချီး​မွမ်း​ခြင်း​ယဇ်​ကို​သ​ခင် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​အား​အ​စဉ် မ​ပြတ်​ပူ​ဇော်​ကြ​ကုန်​အံ့။- သင်​တို့​သည်​အ​ချင်း​ချင်း​အား​ကျေး​ဇူး​ပြု ရန်​နှင့်​ကူ​ညီ​မ​စ​ရန်​မ​မေ့​ကြ​နှင့်။ ထို​သို့ သော​ယဇ်​များ​ကို​ဘု​ရား​သ​ခင်​နှစ်​သက် တော်​မူ​၏။ သင်​တို့​ခေါင်း​ဆောင်​များ​၏​စ​ကား​ကို​နား ထောင်​ကြ​လော့။ သူ​တို့​ပြော​သည့်​အ​တိုင်း​ပြု ကြ​လော့။ သူ​တို့​သည်​မိ​မိ​တို့​ပြု​သည့်​အ​မှု ကို​ဘု​ရား​သ​ခင်​အား​အ​စီ​ရင်​ခံ​ရ​မည် ဖြစ်​၍ သင်​တို့​၏​စိတ်​ဝိ​ညာဉ်​ကို​နေ့​ရော​ည ပါ​ကြည့်​ရှု​စောင့်​ရှောက်​လျက်​နေ​ကြ​ပေ သည်။ သင်​တို့​သည်​သူ​တို့​စ​ကား​ကို​နား ထောင်​ပါ​လျှင် သူ​တို့​ရွှင်​လန်း​ဝမ်း​မြောက် စွာ​လုပ်​ဆောင်​ကြ​လိမ့်​မည်။ သို့​မ​ဟုတ်​လျှင် သူ​တို့​ဝမ်း​နည်း​ရ​ကြ​သ​ဖြင့်​သင်​တို့ တွင်​အ​ဘယ်​သို့​မျှ​အ​ကျိုး​ရှိ​လိမ့်​မည် မ​ဟုတ်။ ငါ​တို့​အ​တွက်​ဆက်​လက်​ဆု​တောင်း​နေ​ကြ လော့။ ငါ​တို့​သည်​မိ​မိ​တို့​၏​သြတ္တပ္ပ​စိတ် ကြည်​လင်​သည်​ကို​အ​သေ​အ​ချာ​သိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​အ​ခါ ခပ်​သိမ်း​မှန်​ရာ​ကို​သာ​ပြု​လုပ်​ရန်​ဆန္ဒ​ရှိ ကြ​သော​ကြောင့်​ဖြစ်​၏။- ဘု​ရား​သ​ခင်​သည်​မ​ကြာ​မီ​ငါ့​အား​သင် တို့​ထံ​သို့​ပြန်​လည်​ပို့​ဆောင်​ပေး​တော်​မူ​စေ ရန်​ဆု​တောင်း​ကြ​ပါ​လော့​ဟု​သင်​တို့​အား အ​ထူး​မေတ္တာ​ရပ်​ခံ​ပါ​၏။ အ​သက်​တော်​ကို​တင်​လှူ​ပူ​ဇော်​တော်​မူ​ခြင်း အား​ဖြင့် ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​တော်​ကို​တံ​ဆိပ် ခတ်​နှိပ်​တော်​မူ​သ​ဖြင့် သိုး​ထိန်း​ကြီး​ဖြစ် တော်​မူ​သော​ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု အား​ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ပြီ။ သင်​တို့​သည်​ငြိမ် သက်​ခြင်း​အ​ရှင်​ဘု​ရား​သ​ခင်​၏​အ​လို တော်​ကို​လိုက်​လျှောက်​နိုင်​ကြ​စေ​ရန် ကိုယ် တော်​သည်​သင်​တို့​အား​ကောင်း​မြတ်​သော အ​ရာ​ဟူ​သ​မျှ​ကို​ချ​ပေး​တော်​မူ​ပါ​စေ သော။ ကိုယ်​တော်​သည်​မိ​မိ​နှစ်​သက်​တော် မူ​ဖွယ်​ရာ​ကို ငါ​တို့​၌​ယေ​ရှု​ခ​ရစ်​အား ဖြင့်​ပြု​တော်​မူ​ပါ​စေ​သော။ ခ​ရစ်​တော် သည်​ကမ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ ထွန်း​တောက်​တော်​မူ​ပါ​သ​တည်း။ အာ​မင်။

ဟေဗြဲ 13:14-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား ဤ​လောက​၌ ငါ​တို့​အတွက်​တည်မြဲ​သော​မြို့​မ​ရှိ။ နောက်​လာ​မည့်​မြို့​တော်​ကို​သာ ငါ​တို့​ကြိုးစား​ရှာဖွေ​နေ​ကြ​၏။ ထို့ကြောင့် ငါ​တို့​သည် နာမ​တော်​ကို​ဝန်ခံ​သော​နှုတ်​၏​အသီးအပွင့်​တည်းဟူသော ချီးမွမ်း​ခြင်း​ယဇ်​ကို ကိုယ်တော်​အားဖြင့် ဘုရားသခင်​အား အစဉ်မပြတ်​ပူဇော်​ကြ​ကုန်စို့။ ကောင်း​သော​အမှု​ကို​ပြု​ခြင်း​နှင့် ဝေမျှ​ခြင်း​တို့​ကို​လည်း မ​မေ့လျော့​ကြ​နှင့်။ အကြောင်းမူကား ထိုသို့သော​ယဇ်​များ​ကို ဘုရားသခင်​နှစ်သက်​တော်မူ​၏။ သင်​တို့​၏​ခေါင်းဆောင်​များ​သည် ဖြေရှင်းချက်​ပေး​ရ​မည့်​သူ​အဖြစ် သင်​တို့​၏​စိတ်ဝိညာဉ်​အတွက် နိုးနိုးကြားကြား​ရှိ​နေ​ကြ​သည်​ဖြစ်၍ သူ​တို့​သည် ညည်းတွား​ခြင်း​မ​ရှိ​ဘဲ ဝမ်းမြောက်​စွာ​ဖြင့် ထို​အမှု​ကို​ဆောင်ရွက်​နိုင်​ရန် သူ​တို့​စကား​ကို​နားထောင်​လျက် ကျိုးနွံ​နာခံ​ကြ​လော့။ သို့မဟုတ်​လျှင် သင်​တို့​အတွက် အကျိုး​ရှိ​လိမ့်မည်​မ​ဟုတ်။ ငါ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။ အကြောင်းမူကား ငါ​တို့​၌ ကြည်လင်​သော​အသိစိတ်​ရှိ​ကြ​သည်​ဟု ငါ​တို့​ယုံကြည်​စိတ်ချ​လျက် အရာရာ​၌ လျောက်ပတ်​စွာ​အသက်ရှင်​နေထိုင်​ရန်​အလို​ရှိ​ကြ​၏။ ငါ​သည် သင်​တို့​ထံသို့ လျင်မြန်​စွာ ပြန်ရောက်​နိုင်​မည့်​အကြောင်း ဆုတောင်း​ပေး​ရန် အထူး​မေတ္တာရပ်ခံ​ပါ​၏။ ထာဝရ​ပဋိညာဉ်​နှင့်ဆိုင်သော​သွေး​တော်​အားဖြင့် သိုး​တို့​၏​သိုးထိန်း​ကြီး​ဖြစ်​တော်မူ​သော ငါ​တို့​သခင်​ယေရှု​ကို သေ​သော​သူ​တို့​ထဲမှ ခေါ်ထုတ်​တော်မူ​သည့် ငြိမ်သက်​ခြင်း​အရှင်​ဘုရားသခင်​သည် ရှေ့​တော်​၌​နှစ်သက်​ဖွယ်​သော​အမှု​ကို ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​တွင်​ပြု​တော်မူ​၍ ကိုယ်တော်​၏​အလို​တော်​ကို သင်​တို့​ဆောင်ရွက်​နိုင်​ရန် ကောင်း​သော​အမှု​အမျိုးမျိုး​တို့​ဖြင့် သင်​တို့​ကို​ပြည့်စုံ​စေ​တော်မူ​ပါစေသော။ ထို​သခင်​၌ ကမ္ဘာ​အဆက်ဆက်​ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။