ဟေရှာယ 55:10-11
ဟေရှာယ 55:10-11 Judson Bible (JBMLE)
မိုးရေနှင့် မိုးပွင့်တို့သည် မိုးကောင်းကင်မှ ဆင်းသက်၍ နောက်တစ်ဖန် မပြန်၊ မြေသည် မျိုးစေ့ကြဲသောသူအား မျိုးစေ့ကိုလည်းကောင်း၊ အစာစားသောသူအား အစာကိုလည်းကောင်းပေးမည်အကြောင်း၊ မြေကိုစိုစေသဖြင့်၊ အပင်ပေါက်စေ၍၊ အသီးကို သီးစေသကဲ့သို့၊ ထိုအတူ ငါ၏နှုတ်ကပတ်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။
ဟေရှာယ 55:10-11 Common Language Bible (BCL)
``ငါ၏နှုတ်ကပတ်တော်သည်ကမ္ဘာမြေကြီးကို ရေပေးရန်သက်ရောက်လာသည့် မိုးနှင့်မိုးပွင့်များကဲ့သို့ဖြစ်၏။ ထိုအရာတို့သည်ကောက်ပဲသီးနှံပင်များကို ပေါက်စေတတ်၏။ စိုက်ပျိုးရန်မျိုးစေ့များနှင့်စားသုံးရန် အစားအစာများကိုဖြစ်ပွားစေတတ်၏။ ငါမြွက်ဆိုသည့်နှုတ်ကပတ်စကားသည်လည်း ဤနည်းအတိုင်းဖြစ်လိမ့်မည်။ ထိုနှုတ်ကပတ်တော်သည်ငါ၏အကြံအစည် တော်ကို ပြည့်စုံစေလိမ့်မည်။ ငါစေခိုင်းသမျှသောအမှုတို့ကိုပြုလိမ့်မည်။
ဟေရှာယ 55:10-11 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
မိုးရေနှင့်နှင်းပွင့်တို့သည် မိုးကောင်းကင်မှကျလာပြီး မိုးကောင်းကင်သို့ပြန်မတက်ဘဲ မြေကိုစိုစွတ်စေလျက်၊ အပင်ပေါက်စေလျက်၊ သီးပွင့်စေလျက် မျိုးကြဲသောသူအတွက် မျိုးစေ့၊ စားသောသူအတွက် အစားအစာကို ပေးသကဲ့သို့ ငါ့နှုတ်မှထွက်သောစကားသည်လည်း ထိုနည်းတူဖြစ်မည်။ ငါ့ထံသို့အချည်းနှီး ပြန်လာမည်မဟုတ်။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှုကို အောင်မြင်စေမည်။