ရှင်ယာကုပ် 1:23-24
ရှင်ယာကုပ် 1:23-24 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
မည်သူမဆို နှုတ်ကပတ်တော်ကို ကြားနာသော်လည်း လိုက်နာကျင့်သုံးခြင်းမရှိလျှင် ထိုသူသည် မိမိ၏ပကတိမျက်နှာကို မှန်ထဲ၌ကြည့်သောသူနှင့်တူ၏။ အကြောင်းမူကား သူသည် မိမိကိုယ်ကိုကြည့်ပြီး ထွက်ခွာသွားသည်နှင့် မိမိသည် မည်သည့်ပုံသဏ္ဌာန်ရှိသည်ကို ချက်ချင်းမေ့လျော့သွားတတ်၏။
ရှင်ယာကုပ် 1:23-24 Judson Bible (JBMLE)
တရားကိုမကျင့်ဘဲ နာရုံမျှသာ ပြုသောသူမည်သည်ကား၊ မှန်၌ မိမိပကတိမျက်နှာကို ကြည့်သောသူနှင့်တူ၏။- အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ၊ အခြားသို့သွား၍ မိမိအဆင်းသဏ္ဌာန်ကို ချက်ချင်း မေ့လျော့တတ်၏။
ရှင်ယာကုပ် 1:23-24 Common Language Bible (BCL)
တရားတော်ကိုလက်တွေ့မကျင့်သုံးဘဲ ကြားနာရုံမျှသာကြားနာသောသူသည် မိမိပကတိမျက်နှာကိုမှန်တွင်ကြည့်သူ နှင့်တူ၏။- သူသည်ယင်းသို့ကြည့်၍ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက်မိမိပုံသဏ္ဌာန်ကိုမေ့ပျောက်၍ သွားတတ်လေသည်။