YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 1:5-8

ရှင်ယာကုပ် 1:5-8 Judson Bible (JBMLE)

သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ပ​ညာ​ကို​လို​လျှင်၊ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ပြု​တော်​မ​မူ​ဘဲ၊ ခပ်​သိမ်း​သော သူ​တို့​အား စေ​တ​နာ​စိတ်​နှင့် ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်​ကို တောင်း​စေ၊ တောင်း​လျှင် ရ​လိမ့်​မည်။- သို့​ရာ​တွင် တွေး​တော​ခြင်း​မ​ရှိ​ဘဲ ယုံ​ကြည်​သော​စိတ်​နှင့် တောင်း​ရ​မည်။ တွေး​တော​ခြင်း​ရှိ​သော သူ​သည်​ကား၊ လေ​ခတ်၍​လှုပ်​ရှား​တတ်​သော လှိုင်း​တံ​ပိုး​နှင့်​တူ၏။- ထို​သို့​သော​သူ​သည် စိတ်​နှစ်​ခွ​ရှိ​သော​သူ၊ ပြု​လေ​သ​မျှ​တို့၌ မ​တည်​ကြည်​သော​သူ​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​မှ တစ်​စုံ​တစ်​ခု​ကို ရ​မည်​ဟု မ​ထင်​မ​မှတ်​စေ​နှင့်။

ရှင်ယာကုပ် 1:5-8 Common Language Bible (BCL)

သင်​တို့​အ​နက်​တစ်​စုံ​တစ်​ယောက်​သည်​ဉာဏ် ပ​ညာ​ချို့​တဲ့​ပါ​လျှင် ဘု​ရား​သ​ခင်​ထံ​တောင်း လျှောက်​စေ။ ဘု​ရား​သ​ခင်​သည်​သူ့​အား​ဉာဏ် ပ​ညာ​ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ကိုယ်​တော်​သည်​လူ​ခပ်​သိမ်း​တို့ အား​ရက်​ရော​စွာ​ကျေး​ဇူး​ပြု​တော်​မူ​တတ် သော​ကြောင့်​ဖြစ်​၏။- သို့​ရာ​တွင်​သင်​တို့​သည်​ယုံ​မှား​သံ​သ​ယ​မ​ရှိ ဘဲ​ယုံ​ကြည်​သော​စိတ်​နှင့်​တောင်း​လျှောက်​ကြ​ရ မည်။ ယုံ​မှား​သံ​သ​ယ​ရှိ​သော​သူ​သည်​လေ တိုက်​၍​လှုပ်​ရှား​နေ​သော​ပင်​လယ်​လှိုင်း​နှင့်​တူ​၏။- ဤ​ကဲ့​သို့​သော​သူ​သည်​စိတ်​နှစ်​ခွ​ရှိ​သူ၊ ပြု လေ​သ​မျှ​တို့​၌​တည်​ကြည်​မှု​မ​ရှိ​သူ​ဖြစ် သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ တစ်​စုံ​တစ်​ရာ​ကို​ရ​ရှိ​လိမ့်​မည်​ဟု​မ​မှတ် စေ​နှင့်။

ရှင်ယာကုပ် 1:5-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​ထဲတွင် ဉာဏ်ပညာ​လိုအပ်​သော​သူ​ရှိ​လျှင် ကဲ့ရဲ့​ပြစ်တင်​ခြင်း​ကို​ပြု​တော်​မ​မူ​ဘဲ ခပ်သိမ်း​သော​သူ​တို့​အား ရက်ရော​စွာ​ပေး​တော်မူ​သော​ဘုရားသခင်​ထံ တောင်းလျှောက်​စေ။ တောင်း​လျှင်​ရ​လိမ့်မည်။ သို့သော် သံသယ​စိတ်​မ​ရှိ​ဘဲ ယုံကြည်​သော​စိတ်​နှင့် တောင်းလျှောက်​ရ​မည်။ အကြောင်းမူကား သံသယ​စိတ်​ရှိ​သော​သူ​သည် လေတိုက်​၍​ထကြွ​လှုပ်ရှား​တတ်​သော ပင်လယ်​လှိုင်းတံပိုး​နှင့်​တူ​၏။ ထို​သူ​သည် ထာဝရ​ဘုရား​ထံ​တော်​မှ တစ်စုံတစ်ခု​ကို​ရ​လိမ့်မည်​ဟု မ​ထင်မှတ်​စေ​နှင့်။ ထိုသို့​သော​သူ​သည် စိတ်နှစ်ခွ​ရှိ​၍ မိမိ​ပြု​လေ​သမျှ​တို့​၌ တည်ကြည်​မှု​မ​ရှိ​သော​သူ​ဖြစ်​၏။