တရားသူကြီး 13:5
တရားသူကြီး 13:5 Judson Bible (JBMLE)
အကြောင်းမူကား၊ ပဋိသန္ဓေယူ၍ ဖွားမြင်လတ္တံ့သော သားယောက်ျားသည် ဆံပင်ရိတ်ခြင်းကို မခံဘဲ၊ အမိဝမ်းထဲမှစ၍ ဘုရားသခင်၏နာဇရိလူ ဖြစ်ရလိမ့်မည်။ သူသည်လည်း ဣသရေလအမျိုးကို ဖိလိတ္တိလူတို့လက်မှ ကယ်နုတ်စပြုလိမ့်မည်ဟု ဆို၏။
တရားသူကြီး 13:5 Common Language Bible (BCL)
သင်သည်သားကိုဖွားမြင်ပြီးနောက်သူ၏ ဆံပင်ကိုအဘယ်အခါ၌မျှမရိတ်နှင့်။ အ ဘယ်ကြောင့်ဆိုသော်ထိုသူငယ်သည်မိမိ ဖွားမြင်ချိန်မှစ၍နာဇရိဂိုဏ်းဝင် အဖြစ်ဖြင့်ဘုရားသခင်အားဆက်ကပ်ထား သူဖြစ်သောကြောင့်တည်း။ သူသည်ဣသရေလ လူမျိုးကိုဖိလိတ္တိအမျိုးသားတို့၏လက်မှ ကယ်ဆယ်ခြင်းကိုအစပြုလိမ့်မည်'' ဟု ဆို၏။
တရားသူကြီး 13:5 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အကြောင်းမူကား သင်သည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားမည်။ သူ့ဆံပင်ကို သင်တုန်းဓားနှင့် မရိတ်ရ။ သူငယ်သည် အမိဝမ်းထဲမှစ၍ ဘုရားသခင်အဖို့ နာဇရိလူဖြစ်မည်။ သူသည် အစ္စရေးလူမျိုးတို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ ဦးဆောင်ကယ်တင်လိမ့်မည်”ဟု ဆို၏။