ယေရမိ 11:8
ယေရမိ 11:8 Judson Bible (JBMLE)
သူတို့သည် နားမထောင်၊ နားကိုမလှည့်ဘဲ ဆိုးညစ်သော မိမိတို့စိတ်နှလုံးခိုင်မာခြင်းရှိသည်အတိုင်း၊ တစ်ယောက်မျှမကြွင်း၊ လိုက်သွားကြသောကြောင့်၊ ငါမှာထား၍၊ သူတို့မကျင့်သော ဤပဋိညာဉ်စကားအလုံးစုံတို့ကို၊ သူတို့အပေါ်၌ ငါသက်ရောက်စေမည်ဟု မိန့်တော်မူ၏။
ယေရမိ 11:8 Common Language Bible (BCL)
သို့ရာတွင်သူတို့သည်ငါ့စကားကိုနားမ ထောင်ကြ။ လိုက်နာမှုလည်းမပြုကြ။ သူတို့ အားလုံးပင်ခေါင်းမာမြဲခေါင်းမာလျက်ဆိုး ညစ်မြဲဆိုးညစ်လျက်နေကြ၏။ ငါသည်သူ တို့အားလိုက်နာရန်အမိန့်ချမှတ်ထားလျက် နှင့်သူတို့မလိုက်နာကြသော ပဋိညာဉ်တော် တွင်ဖော်ပြပါရှိသည့်ကျိန်စာများကိုသူ တို့အပေါ်သို့သက်ရောက်စေ၏'' ဟုမိန့်တော် မူ၏။
ယေရမိ 11:8 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သူတို့ နားမထောင်ကြ၊ အလေးမထားကြ။ သူတို့သည် ဆိုးညစ်မာကျောသောစိတ်သဘောနောက်သို့ အသီးသီးလိုက်သွားကြ၏။ ငါမိန့်မှာခဲ့သောပဋိညာဉ်ကို မလိုက်နာ၊ မပြုကျင့်ကြသောကြောင့် ဤပဋိညာဉ်ပါကျိန်ခြင်းရှိသမျှတို့ကို သူတို့အပေါ်ကျရောက်စေမည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။