ယေရမိ 18:9-10
ယေရမိ 18:9-10 Judson Bible (JBMLE)
အကြင်တိုင်းနိုင်ငံကို တည်ထောင်ပြုစုခြင်းငှာ ငါအမိန့်တော်ရှိ၏။ ထိုတိုင်းနိုင်ငံသည် ငါ့စကားကို နားမထောင်၊ ငါ့မျက်မှောက်၌ ဒုစရိုက်ကိုပြုလျှင်၊ သူ၏အကျိုးအလိုငှာ ပြုစုမည်ဟူသော စကား၌ပါသောကျေးဇူးကို ငါနောင်တရမည်။
ယေရမိ 18:9-10 Common Language Bible (BCL)
သို့ရာတွင်အကယ်၍ငါသည်ဤမည်သော လူမျိုး သို့မဟုတ်တိုင်းပြည်ကိုပြုစုပျိုး ထောင်တည်ဆောက်မည်ဆိုပြီးနောက်၊- ထိုလူမျိုးသည်ငါ၏ရှေ့တွင်ဒုစရိုက်များ ကိုပြုကျင့်လျက် ငါ၏စကားကိုနားမထောင် ပါမူငါ၏စိတ်ကိုပြောင်းလဲလျက် ယခင်ငါ မြွက်ဆိုသည့်ကောင်းမှုများကိုမပြုဘဲနေမည်။
ယေရမိ 18:9-10 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါသည် လူမျိုးတစ်မျိုး၊ တိုင်းနိုင်ငံတစ်နိုင်ငံကို တစ်ခဏအတွင်း တည်ထောင်ပြုစုနိုင်သည်ဟု ငါမိန့်ဆိုခဲ့ပြီ။ ငါမိန့်ဆိုသောစကားကိုနားမထောင်ဘဲ ငါ့မျက်မှောက်၌ မကောင်းမှုကိုပြုလျှင် ကောင်းစားစေမည်ဟုငါမိန့်ဆိုခဲ့သည်မှ စိတ်ပြောင်းလဲမည်”ဟု မိန့်တော်မူ၏။