YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 23:5-6

ယေရမိ 23:5-6 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က``ဒါ​ဝိဒ်​၏​ဖြောင့်​မတ်​သော သား​မြေး​တစ်​ဦး​ကို မင်း​အ​ဖြစ်​ငါ​ရွေး​ချယ် ခန့်​ထား​မည့်​အ​ချိန်​ဧ​ကန်​အ​မှန်​ကျ​ရောက် လာ​လိမ့်​မည်။ ထို​မင်း​သည်​ပ​ညာ​ဉာဏ်​နှင့်​အုပ် စိုး​၍​တိုင်း​ပြည်​တစ်​လျှောက်​လုံး​တွင် အ​မှန် တ​ရား​အ​တိုင်း​တ​ရား​မျှ​တ​စွာ​စီ​ရင်​လိမ့် မည်။- ထို​မင်း​နန်း​စံ​ချိန်​၌​ယု​ဒ​ပြည်​သား​တို့​သည် ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လျက်၊ ဣ​သ​ရေ​လ​ပြည် သား​တို့​သည်​ငြိမ်း​ချမ်း​သာ​ယာ​စွာ​နေ​ထိုင် ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထို​မင်း​၏​ဘွဲ့ နာ​မ​ကို``ငါ​တို့​အား​ကယ်​တင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား'' ဟူ​၍​ခေါ်​ဆို​သ​မုတ်​ကြ လိမ့်​မည်။

ယေရမိ 23:5-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ အချိန်​ကျရောက်​ပြီ​။ ဖြောင့်မတ်​ခြင်း​အကိုင်း​ကို ဒါဝိဒ်​အမျိုး​မှ ငါ​ပေါ်ထွက်​စေ​မည်​။ သူ​သည် ဘုရင်​အဖြစ်​အုပ်စိုး​မည်​။ ပညာသတိ​ရှိ​လျက် ပြည်​တော်​၌ တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ စီရင်​မည်​။ ထို​ဘုရင်​လက်ထက်​၌ ယုဒ​အမျိုး​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်​။ အစ္စရေး​လူမျိုး​သည် ဘေးကင်းလုံခြုံ​စွာ​နေထိုင်​ရ​လိမ့်မည်​။ ထို​ဘုရင်​၏​နာမ​ကို​ကား ‘​ငါ​တို့​ကို ဖြောင့်မတ်​စေ​တော်မူ​သော​ထာဝရဘုရား​’​ဟု ခေါ်ဆို​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။