ယေရမိ 38:2
ယေရမိ 38:2 Common Language Bible (BCL)
ငါသည်လူတို့အားထာဝရဘုရား၏အမိန့် တော်ကိုပြောကြားသည်မှာ``ဤမြို့တွင်ဆက် လက်နေထိုင်သူတို့သည်စစ်ဘေး၊ ငတ်မွတ်ခေါင်း ပါးခြင်းဘေး၊ အနာရောဂါဘေးတို့နှင့်သေရ ကြလိမ့်မည်။ ဗာဗုလုန်အမျိုးသားတို့ထံသွား ၍လက်နက်ချသူတို့သည်သေရကြလိမ့်မည် မဟုတ်။ သူတို့သည်ယုတ်စွအဆုံးအသက် ဘေးမှချမ်းသာရာရလျက်ကျန်ရှိကြလိမ့် မည်။
ယေရမိ 38:1-3 Judson Bible (JBMLE)
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ထဲမှာနေသောသူသည် ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့နှင့် သေလိမ့်မည်။ ခါလဒဲလူတို့ဘက်သို့ ထွက်သွားသော သူသည်အသက်ချမ်းသာ၍၊ လက်ရဥစ္စာကဲ့သို့ ကိုယ်အသက်ကိုရလိမ့်မည် ဟူ၍လည်းကောင်း၊ ဤမြို့ကို ဗာဗုလုန်ရှင်ဘုရင်၏ ဗိုလ်ခြေလက်သို့ ဆက်ဆက်အပ်၍၊ သူသည် သိမ်းယူလိမ့်မည် ဟူ၍လည်းကောင်း၊ ထာဝရဘုရား မိန့်တော်မူ၏ဟု၊ ယေရမိသည် လူအပေါင်းတို့အား ဟောပြောတတ်သောစကားများကို မဿန်သား ရှေဖတိ၊ ပါရှုရသား ဂေဒလိ၊ ရှေလမိသား ယေဟုကလ၊ မာလခိသား ပါရှုရတို့သည်ကြားသောအခါ၊
ယေရမိ 38:2 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထာဝရဘုရားမိန့်တော်မူသည်မှာ “ဤမြို့တွင် နေထိုင်သောသူတို့သည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သေရလိမ့်မည်။ ခါလဒဲလူမျိုးတို့ဘက်သို့ လိုက်သွားသောသူတို့မူကား သူတို့၏အသက်သည် တိုက်ယူသောပစ္စည်းကဲ့သို့ဖြစ်၍ အသက်ချမ်းသာရာရလိမ့်မည်။