ယေရမိ 39:17-18
ယေရမိ 39:17-18 Common Language Bible (BCL)
သို့ရာတွင်သင့်အားငါထာဝရဘုရား ကွယ်ကာစောင့်ထိန်းတော်မူမည်ဖြစ်၍ သင် သည်မိမိကြောက်လန့်သည့်လူတို့၏လက် တွင်းသို့ကျရောက်ရလိမ့်မည်မဟုတ်။- ငါသည်သင့်ကိုဘေးမဲ့လုံခြုံစွာထားမည် ဖြစ်သဖြင့် သင်သည်အသတ်ခံရလိမ့်မည် မဟုတ်။ သင်သည်ငါ့ကိုယုံကြည်ကိုးစား သောကြောင့်အသက်ချမ်းသာရာရလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏' ဟုမိန့်တော်မူကြောင်းဆင့် ဆိုလော့'' ဟုမှာကြားတော်မူ၏။
ယေရမိ 39:17-18 Judson Bible (JBMLE)
သို့သော်လည်း၊ ထိုကာလ၌ သင့်ကို ငါကယ်နုတ်မည်။ သင်ကြောက်သော သူတို့လက်သို့ သင်မရောက်ရ။ ငါသည် သင့်ကို စင်စစ်ကယ်နုတ်မည်။ သင်သည် ဓားဖြင့်မဆုံးရ။ လက်ရဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည်။ အကြောင်းမူကား၊ သင်သည် ငါ့ကိုကိုးစားသောကြောင့်တည်းဟု ထာဝရဘုရား မိန့်တော်မူ၏။
ယေရမိ 39:17-18 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထာဝရဘုရားက ထိုနေ့၌ သင့်ကို ငါကယ်နုတ်မည်။ သင်ကြောက်သောသူတို့လက်သို့ သင်မရောက်ရ။ သင်သည် ငါ့ကို ယုံကြည်ကိုးစားသောကြောင့် အကယ်စင်စစ် သင့်ကို ငါလွတ်မြောက်စေမည်။ သင်သည် ဓားဘေးဖြင့် မကျဆုံးရ။ သင့်အသက်ကို တိုက်ယူသောပစ္စည်းကဲ့သို့ဖြစ်စေမည်ဟု မိန့်တော်မူ၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။