YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 2:1-11

ရှင်ယောဟန် 2:1-11 Judson Bible (JBMLE)

သုံး​ရက်​မြောက်​သော​နေ့၌ ဂါ​လိ​လဲ​ပြည် ကာ​န​မြို့​တွင် မင်္ဂ​လာ​ဆောင်​ပွဲ​ကို​ခံ​ကြ​စဉ်၊ ထို​ပွဲ၌ ယေ​ရှု၏​မယ်​တော်​ရှိ၏။- ယေ​ရှု​နှင့် တ​ပည့်​တော်​တို့​ကို​လည်း ထို​ပွဲ​သို့ ခေါ်​ပင့်​ကြ၏။- စ​ပျစ်​ရည်​ကုန်​သော​အ​ခါ၊ ယေ​ရှု၏​မယ်​တော်​က၊ စ​ပျစ်​ရည်​မ​ရှိ​ဟု​ကြား​ပြော၏။- ယေ​ရှု​က​လည်း၊ အ​ချင်း​မိန်း​မ၊ သင်​သည် ငါ​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ငါ့​အ​ချိန်​မ​ရောက်​သေး​ဟု မိန့်​တော်​မူ၏။- မယ်​တော်​က​လည်း၊ သူ​စေ​ခိုင်း​သ​မျှ​တို့​ကို ပြု​ကြ​လော့​ဟု အ​စေ​ခံ​တို့​အား​ဆို​လေ၏။- ယု​ဒ​ဘာ​သာ​အ​လျောက် စင်​ကြယ်​ခြင်း​အ​ဖို့​အ​လို​ငှာ၊ ထို​အ​ရပ်၌ နှစ်​တင်း​သုံး​တင်း​ခန့်​ဝင်​သော ကျောက်​အိုး​စ​ရည်း​ခြောက်​လုံး ထား​လျက်​ရှိ၏။- ယေ​ရှု​က​လည်း၊ ဤ​ရေ​အိုး​တို့​ကို​ရေ​ဖြည့်​ကြ​ဟု အ​စေ​ခံ​တို့​အား မိန့်​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် လျှံ​မ​တတ်​ဖြည့်​ကြ၏။- ယ​ခု​ခပ်၍ ပွဲ​အုပ်​ထံ​သို့​သွင်း​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း သွင်း​ကြ၏။- ပွဲ​အုပ်​သည် စ​ပျစ်​ရည်​ဖြစ်​စေ​သော​ရေ​ကို မြည်း​စမ်း၍၊ ထို​ရေ​ကို ခပ်​သော​အ​စေ​ခံ​တို့​သည် စ​ပျစ်​ရည်​ကို အ​ဘယ်​မှာ​ရ​သည်​ကို​သိ​သော်​လည်း၊ ပွဲ​အုပ်​သည် မ​သိ​သော​ကြောင့်၊ မင်္ဂ​လာ​ဆောင်​လု​လင်​အား အ​သံ​ကို​လွှင့်၍၊- အ​ခြား​သော​သူ​မည်​သည်​ကား၊ ရှေ့​ဦး​စွာ ကောင်း​သော​စ​ပျစ်​ရည်​ကို ထည့်၍ ဝ​စွာ​သောက်​ကြ​ပြီး​မှ ညံ့​သော​စ​ပျစ်​ရည်​ကို ထည့်​လေ့​ရှိ၏။ သင်​မူ​ကား၊ ကောင်း​သော​စ​ပျစ်​ရည်​ကို ယ​ခု​တိုင်​အောင် သို​ထား​ပြီ​ဟု​ဆို၏။- ထို​သို့​ယေ​ရှု​သည် ရှေ့​ဦး​စွာ​သော ဤ​နိ​မိတ်​လ​က္ခ​ဏာ​ကို ဂါ​လိ​လဲ​ပြည်၊ ကာ​န​မြို့၌​ပြ၍ မိ​မိ​ဘုန်း​တော်​ကို ထင်​ရှား​စေ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည်​လည်း ယုံ​ကြည်​ကြ၏။

ရှင်ယောဟန် 2:1-11 Common Language Bible (BCL)

နောက်​နှစ်​ရက်​ကြာ​သော​အ​ခါ​ဂါ​လိ​လဲ​ပြည်၊ ကာ​န​မြို့​မှာ​မင်္ဂ​လာ​ဆောင်​ပွဲ​ကျင်း​ပ​ရာ သ​ခင်​ယေ​ရှု​၏​မယ်​တော်​ကြွ​ရောက်​၏။- သ​ခင်​ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့​အား​လည်း ထို​ပွဲ​သို့​ဖိတ်​ကြား​ထား​၏။- စပျစ်​ရည်​ကုန်​သွား​သော​အ​ခါ​သ​ခင်​ယေ​ရှု ၏​မယ်​တော်​က ``ထို​သူ​တို့​မှာ​စ​ပျစ်​ရည်​မ​ရှိ တော့​ပါ'' ဟု​ကိုယ်​တော်​အား​ပြော​ကြား​၏။ သ​ခင်​ယေ​ရှု​က ``မယ်​တော်၊ အ​ဘယ်​အ​မှု​ပြု ရ​မည်​ကို​အ​ကျွန်ုပ်​အား​မ​ပြော​ပါ​နှင့်။ အ​ကျွန်ုပ် လုပ်​ဆောင်​ရန်​အ​ချိန်​မ​ကျ​သေး​ပါ'' ဟု​မိန့်​တော် မူ​၏။ ထို​အ​ခါ​မယ်​တော်​သည်​အ​စေ​ခံ​တို့​အား ကိုယ် တော်​စေ​ခိုင်း​သည့်​အ​တိုင်း​ပြု​ကြ​ရန်​မှာ​ကြား​၏။ ထို​နေ​ရာ​တွင် ရေ​နှစ်​ထမ်း​သုံး​ထမ်း​ခန့်​စီ​ဝင်​သော ကျောက်​အိုး​ကြီး​ခြောက်​လုံး​ရှိ​၏။ ယု​ဒ​မျိုး​သား တို့​၏​ဘာ​သာ​ဋ္ဌ​လေ့​အ​ရ သန့်​စင်​မှု​ကို​ပြု​ရန် ထို​အိုး​များ​ကို​ထား​ရှိ​ခြင်း​ဖြစ်​၏။- သ​ခင်​ယေ​ရှု​က ``ဤ​အိုး​များ​တွင်​ရေ​အ​ပြည့် ထည့်​ကြ​လော့'' ဟု​အ​စေ​ခံ​တို့​အား​မိန့်​တော်​မူ လျှင် သူ​တို့​သည်​အိုး​နှုတ်​ခမ်း​အ​ထိ​ရေ​ပြည့် အောင်​ထည့်​ကြ​၏။- ထို​နောက်​ကိုယ်​တော်​က ``ဤ​အိုး​များ​မှ​ရေ အ​နည်း​ငယ်​ကို​ခပ်​၍​ပွဲ​အုပ်​ထံ​ယူ​သွား​ကြ လော့'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​အ​စေ​ခံ တို့​သည်​ယူ​သွား​ကြ​၏။- ပွဲ​အုပ်​သည်​စ​ပျစ်​ရည်​အ​ဖြစ်​သို့​ပြောင်း​လဲ လာ​သော​ရေ​ကို​မြည်း​စမ်း​ကြည့်​၏။ အ​စေ​ခံ များ​သည်​စ​ပျစ်​ရည်​ကို​အ​ဘယ်​မှ​ရ​ရှိ ကြောင်း​သိ​ကြ​သော်​လည်း ပွဲ​အုပ်​မူ​ကား မ​သိ။ သို့​ဖြစ်​၍​ပွဲ​အုပ်​သည်​မင်္ဂ​လာ​ဆောင် သ​တို့​သား​အား​ခေါ်​ပြီး​လျှင်၊- ``လူ​တိုင်း​ပင်​စ​ပျစ်​ရည်​ကောင်း​နှင့်​ဦး​စွာ​ဧည့်​ခံ တတ်​၏။ လူ​တို့​စိတ်​ရှိ​သောက်​ကြ​ပြီး​မှ စ​ပျစ် ရည်​အ​ညံ့​ကို​ထည့်​ပေး​လေ့​ရှိ​၏။ သင်​မူ​ကား စ​ပျစ်​ရည်​ကောင်း​ကို​ယ​ခု​မှ​ထုတ်​ပေး​ပါ သည်​တ​ကား'' ဟု​ဆို​၏။ သ​ခင်​ယေ​ရှု​သည်​ဂါ​လိ​လဲ​ပြည်​ကာ​န​မြို့​တွင် ဤ​သို့​ဦး​စွာ​ပ​ထ​မ​အံ့​ဖွယ်​သော​နိ​မိတ်​လက္ခ ဏာ​ကို​ပြ​တော်​မူ​လျက် မိ​မိ​၏​ဘုန်း​အ​သ​ရေ တော်​ကို​ထွန်း​တောက်​စေ​တော်​မူ​၏။ သို့​ဖြစ်​၍ တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် ကြ​၏။

ရှင်ယောဟန် 2:1-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် သုံး​ရက်​မြောက်​သော​နေ့​၌ ဂါလိလဲ​နယ်၊ ကာန​မြို့​တွင် မင်္ဂလာဆောင်​ပွဲ​တစ်​ခု​ကျင်းပ​ရာ ယေရှု​၏​မယ်တော်​သည် ထို​နေရာ​၌​ရှိ​၏။ ယေရှု​နှင့်​တပည့်​တော်​တို့​သည်​လည်း ထို​မင်္ဂလာဆောင်​ပွဲ​သို့​ဖိတ်ခေါ်​ခြင်း​ခံရ​ကြ​၏။ စပျစ်​ဝိုင်​ကုန်​သောအခါ ယေရှု​၏​မယ်တော်​က “သူ​တို့​တွင် စပျစ်​ဝိုင်​မ​ရှိ​တော့​ပါ”​ဟု ပြောကြား​၏။ ယေရှု​က​လည်း“အသင်​အမျိုးသမီး၊ ဤ​အမှု​၌ သင်​နှင့်​ငါ မည်သို့​ဆိုင်​သနည်း။ ငါ့​အချိန်​မ​ရောက်​သေး”​ဟု မိန့်​တော်မူ​၏။ မယ်တော်​သည် အစေခံ​တို့​အား “သူ​စေခိုင်း​သမျှ​တို့​ကို ဆောင်ရွက်​ကြ​ပါ”​ဟု ဆို​၏။ ထို​နေရာ​၌ ဂျူး​လူမျိုး​တို့​၏​စင်ကြယ်​ခြင်း​ဝတ်​အတွက် ဂါလံ​နှစ်ဆယ်၊ သုံးဆယ်​ခန့်​စီ​ဆန့်​သော ကျောက်​ရေအိုး​ခြောက်​လုံး​ထား​လျက်​ရှိ​၏။ ယေရှု​က“ဤ​ရေအိုး​များ​ကို ရေ​ဖြည့်​ကြ​လော့”​ဟု အစေခံ​တို့​အား မိန့်​တော်မူ​လျှင် သူ​တို့​သည် အိုး​နှုတ်ခမ်း​အထိ​ဖြည့်​ကြ​၏။ တစ်ဖန်“ယခု​ခပ်​၍ ပွဲအုပ်​ထံသို့​ယူ​သွား​ကြ​လော့”​ဟု မိန့်​တော်မူ​သည့်​အတိုင်း သူ​တို့​သည်​ယူ​သွား​ကြ​ရာ ပွဲအုပ်​သည် စပျစ်​ဝိုင်​ဖြစ်​သွား​သော ထို​ရေ​ကို​မြည်းစမ်း​၏။ ရေ​ခပ်​ခဲ့​သော​အစေခံ​တို့​သည် ထို​စပျစ်ဝိုင်​ကို အဘယ်က​ရ​သည်​ကို​သိ​ကြ​သော်လည်း ပွဲအုပ်​သည် မ​သိ​သဖြင့် သတို့သား​ကို​ခေါ်​၍ “လူ​တိုင်း ကောင်း​သော​စပျစ်​ဝိုင်​ကို ဦးစွာ​ချ​ပေး​ပြီး လူ​တို့​ယစ်မူး​ကြ​သောအခါ​မှ အညံ့​ကို​ချပေး​လေ့​ရှိ​၏။ သင်​မူကား ကောင်း​သော​စပျစ်​ဝိုင်​ကို ယခု​အထိ သိမ်း​ထား​ပြီ​တကား”​ဟု ဆို​၏။ ယေရှု​သည် ဤ​ပထမ​နိမိတ်​လက္ခဏာ​ကို ဂါလိလဲ​နယ်၊ ကာန​မြို့​၌​ပြု​လျက် မိမိ​၏​ဘုန်း​တော်​ကို ထင်ရှား​စေ​တော်မူ​၏။ ထိုအခါ တပည့်​တော်​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။