ရှင်လုကာ 1:39-55
ရှင်လုကာ 1:39-55 Judson Bible (JBMLE)
ထိုအခါ မာရိသည်ထ၍၊ တောင်ကြားအရပ်၌ရှိသော ယုဒမြို့တစ်မြို့သို့ အလျင်အမြန် သွားပြီးလျှင်၊- ဇာခရိအိမ်သို့ဝင်၍ ဧလိရှဗက်ကို နှုတ်ဆက်လေ၏။- ထိုနှုတ်ဆက်ခြင်းစကားကို ဧလိရှဗက်သည် ကြားစဉ်တွင် မိမိဝမ်း၌ရှိသောသူငယ်သည် ခုန်၍၊ မိမိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်၊- သင်သည် မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာ ရှိ၏။ သင်၏ဝမ်း၌ရှိသော သူငယ်သည်လည်း မြတ်စွာသောမင်္ဂလာ ရှိ၏။- အကျွန်ုပ်သခင်၏မယ်တော်သည် အကျွန်ုပ်ဆီသို့ ကြွလာသောကျေးဇူးကို အဘယ်အကြောင်းကြောင့် အကျွန်ုပ်ခံရပါသနည်း။- သင်၏နှုတ်ဆက်ခြင်းစကားသံကို အကျွန်ုပ်ကြားစဉ်တွင်၊ အကျွန်ုပ်ဝမ်းထဲ၌ သူငယ်သည် ရွှင်မြူးသောစိတ်နှင့် ခုန်၏။- ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုမိန်းမအား ထာဝရဘုရား မိန့်တော်မူသောစကားသည် ပြည့်စုံလိမ့်မည်ဟု ကြီးသောအသံနှင့် မြွက်ဆို၏။ မာရိကလည်း၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို ချီးမွမ်း၏။- ငါ့ကို ကယ်တင်တော်မူသောအရှင် ဘုရားသခင်ကို အမှီပြု၍ ငါ့ဝိညာဉ်သည် ရွှင်လန်းခြင်းရှိ၏။- အကြောင်းမူကား၊ မိမိကျွန်မ၏ နှိမ့်ချသောအဖြစ်ကို ကြည့်ရှုတော်မူပြီ။ နောင်ကာလ၌ ခပ်သိမ်းသောလူ အစဉ်အဆက်တို့သည် ငါ့ကို မင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်။- တန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသည် အံ့ဖွယ်သောကျေးဇူးတော်ကို ငါ့အားပြုတော်မူပြီ၊ ထိုဘုရား၏ နာမတော်သည် ရိုသေဖွယ်ဖြစ်တော်မူ၏။- ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် သနားတော်မူခြင်း ကျေးဇူးကို အစဉ်မပြတ်ခံစားကြ၏။- လက်ရုံးတော်အားဖြင့် တန်ခိုးကိုပြတော်မူပြီ။ မာနထောင်လွှားသောသူတို့ကို ကွဲလွင့်စေတော်မူပြီ။- ဘုရင်တို့ကို ရာဇပလ္လင်ပေါ်မှချ၍ နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူပြီ။- ငတ်မွတ်သောသူတို့ကို ကောင်းမွန်စွာကျွေး၍ ရတတ်သောသူတို့ကို လက်ချည်း လွှတ်လိုက်တော်မူပြီ။- ငါတို့ဘိုးဘေးများတို့အား ဗျာဒိတ်ထားတော်မူသည်နှင့် အညီ၊- အာဗြဟံမှစသော သူ၏အမျိုးအနွယ်အား သနားခြင်းကျေးဇူးတော်ကို အစဉ်အမြဲပြုခြင်းငှာ သတိထား၍ မိမိကျွန် ဣသရေလကို မစတော်မူပြီဟု ဆို၏။
ရှင်လုကာ 1:39-55 Common Language Bible (BCL)
များမကြာမီမာရိသည်အသင့်ပြင်၍တောင်ပေါ် ဒေသရှိယုဒပြည်မြို့တစ်မြို့သို့အလျင်အမြန် သွား၏။- သူသည်ဇာခရိ၏အိမ်သို့ဝင်ပြီးလျှင်ဧလိ ရှဗက်ကိုနှုတ်ဆက်၏။ မာရိ၏နှုတ်ဆက်စကား ကိုကြားသောဧလိရှဗက်၏ဝမ်းမှကလေး သည်လှုပ်လေ၏။- ဧလိရှဗက်သည်သန့်ရှင်းသောဝိညာဉ်တော် ဖြင့်ပြည့်ဝလျက်၊- ``သင်သည်အမျိုးသမီးတကာတို့ထက်မင်္ဂလာ ရှိ၏။ သင်ဖွားအံ့သောသားသည်မင်္ဂလာရှိ၏။- အကျွန်ုပ်အရှင်၏မယ်တော်သည်အဘယ်ကြောင့် အကျွန်ုပ်ထံသို့ကြွလာတော်မူပါသနည်း။ အဘယ် ကြောင့်ဤအခွင့်ထူးကိုအကျွန်ုပ်ခံစားရပါသနည်း။- သင်၏နှုတ်ဆက်စကားကိုအကျွန်ုပ်ကြား သောအခါအကျွန်ုပ်၏ဝမ်းမှသူငယ်သည် ဝမ်းမြောက်ရွှင်မြူးသဖြင့်ခုန်ပါ၏။- ထာဝရဘုရားပေးတော်မူသောဗျာဒိတ်တော် အတိုင်းဖြစ်လိမ့်မည်ဟုသင်သည်ယုံကြည်သဖြင့် မင်္ဂလာရှိ၏'' ဟုကျယ်စွာမြွက်ဆို၏။ မာရိက၊ ``ငါ၏စိတ်နှလုံးသည်ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းထောမနာပြုပါ၏။ ကယ်တင်ရှင်ဘုရားသခင်ပြုတော်မူသောအမှုကြောင့် ငါ့ဝိညာဉ်သည်အားရရွှင်လန်းပါ၏။ ကိုယ်တော်သည်မိမိအစေခံ၏သိမ်ငယ်သော အဖြစ်ကို သတိရတော်မူပြီ။ ယခုမှစ၍နောင်လာနောက်သားအပေါင်းတို့သည် ငါ့ကိုမင်္ဂလာရှိသူဟုခေါ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်တန်ခိုးရှင်သည် ငါ့အတွက်အံ့သြဖွယ်သောအမှုများကို ပြုတော်မူသောကြောင့်ဖြစ်၏။ ကိုယ်တော်၏နာမတော်သည်မြင့်မြတ် သန့်ရှင်းတော်မူ၏။ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့အား သားစဉ်မြေးဆက်ကရုဏာထားတော်မူ၏။ မဟာလက်ရုံးတော်ဖြင့်မာနကြီးသူများကို ဖရိုဖရဲကွဲလွင့်စေတော်မူ၏။ ရှင်ဘုရင်များကိုနန်းချ၍သိမ်ငယ်သူများကို ချီးမြှင့်တော်မူပြီ။ ငတ်မွတ်သူအားချိုမြိန်သောအစားအစာကို ကျွေးမွေး၍၊ ချမ်းသာကြွယ်ဝသူများကို လက်ချည်းလွှတ်တော်မူပြီ။ ကိုယ်တော်သည်ငါတို့၏ဘိုးဘေးများအား ပေးခဲ့သည့်ကတိတော်နှင့်အညီ၊ မိမိ၏အစေခံဣသရေလကိုမစတော်မူပြီ။ အာဗြဟံနှင့်အာဗြဟံ၏အမျိုးအနွယ်များ အပေါ် ထားတော်မူသောကရုဏာတော်ကို၊ အစဉ်အမြဲပြုခြင်းငှာသတိရတော်မူပြီ ဟုဆို၏။
ရှင်လုကာ 1:39-55 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုနေ့ရက်များတွင် မာရိသည်ထ၍ တောင်ပေါ်ဒေသ၌ရှိသော ယုဒပြည်၏မြို့တစ်မြို့သို့ အလျင်အမြန်သွား၍ ဇာခရိအိမ်သို့ဝင်ကာ အဲလစ်ဇဘက်ကိုနှုတ်ဆက်လေ၏။ မာရိ၏နှုတ်ဆက်စကားကို အဲလစ်ဇဘက်ကြားရသောအခါ သူ၏ကလေးငယ်သည် ဝမ်းထဲ၌ခုန်လေ၏။ အဲလစ်ဇဘက်သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် “သင်သည် မိန်းမတို့တွင် မင်္ဂလာရှိ၏။ သင်၏ဝမ်းတွင်းမှကလေးသည်လည်း မင်္ဂလာရှိ၏။ ကျွန်မသခင်၏မယ်တော်သည် ကျွန်မထံသို့ရောက်လာသောကျေးဇူးကို အဘယ်ကြောင့် ကျွန်မခံရပါသနည်း။ အမှန်စင်စစ် သင်၏နှုတ်ဆက်စကားကို ကျွန်မကြားရသောအခါ ကျွန်မ၏ကလေးငယ်သည် ရွှင်မြူးခြင်းဖြင့် ဝမ်းထဲ၌ခုန်ပါ၏။ မိမိအား ထာဝရဘုရားမိန့်တော်မူသောအရာများပြည့်စုံမည်ဟု ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏”ဟု ကျယ်လောင်သောအသံဖြင့် အော်ဟစ်ပြောဆိုလေ၏။ မာရိကလည်း “ငါ၏စိတ်နှလုံးသည် ထာဝရဘုရားကိုချီးမွမ်း၍ ငါ့ဝိညာဉ်သည် ငါ၏ကယ်တင်ရှင်ဘုရားသခင်၌ ရွှင်မြူး၏။ အကြောင်းမူကား ကိုယ်တော်သည် မိမိအစေအပါး၏သိမ်ငယ်သောအဖြစ်ကို ဂရုစိုက်တော်မူပြီ။ ယခုမှစ၍ နောင်လာနောက်သားအပေါင်းတို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟု ခေါ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တန်ခိုးနှင့်ပြည့်စုံတော်မူသောအရှင်သည် ကြီးမားသောအမှုတို့ကို ငါ့အတွက်ပြုတော်မူပြီ။ ကိုယ်တော်၏နာမတော်သည် သန့်ရှင်းတော်မူ၏။ ကရုဏာတော်သည်လည်း ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသောသူတို့အပေါ်၌ သားစဉ်မြေးဆက်တည်၏။ ကိုယ်တော်သည် လက်ရုံးတော်အားဖြင့် တန်ခိုးအရှိန်အဝါနှင့်ပြည့်စုံသောအမှုကိုပြုတော်မူ၍ အတွင်းစိတ်သဘော၌ မာနထောင်လွှားသောသူတို့ကို ကွဲလွင့်စေတော်မူ၏။ ရှင်ဘုရင်တို့ကို နန်းချ၍ နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူ၏။ ဆာလောင်သောသူတို့ကို ကောင်းသောအရာများဖြင့်ပြည့်ဝစေ၍ ကြွယ်ဝသောသူတို့ကို လက်ချည်းသက်သက်ပြန်လွှတ်တော်မူ၏။ ကိုယ်တော်သည် ငါတို့ဘိုးဘေးများအားမိန့်တော်မူသည့်အတိုင်း အာဗြဟံမှစ၍ သူ၏အမျိုးအနွယ်အပေါ် ကာလအစဉ်အဆက်ထားရှိသောကရုဏာတော်ကိုအောက်မေ့၍ မိမိ၏အစေခံအစ္စရေးလူမျိုးကို ကူညီမစတော်မူပြီ”ဟု ဆို၏။