ရှင်လုကာ 13:18-19
ရှင်လုကာ 13:18-19 Judson Bible (JBMLE)
တစ်ဖန် မိန့်တော်မူသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် အဘယ်အရာနှင့် တူသနည်း။ အဘယ်သို့ ပုံပြရအံ့နည်း။- လူသည် ယူ၍ ဥယျာဉ်၌စိုက်သော မုန်ညင်းစေ့နှင့်တူ၏။ ထိုအစေ့သည် ကြီးပွား၍ အပင်ကြီးဖြစ်၏။ မိုးကောင်းကင်ငှက်တို့သည်လည်း အကိုင်းအခက်တို့၌ နားနေမှီခိုကြသည်ဟု မိန့်တော်မူ၏။
ရှင်လုကာ 13:18-19 Common Language Bible (BCL)
သခင်ယေရှုက ``ဘုရားသခင်၏နိုင်ငံတော် သည်အဘယ်အရာနှင့်တူသနည်း။ အဘယ် အရာနှင့်နှိုင်းယှဉ်ရမည်နည်း။- နိုင်ငံတော်သည်ဤဖြစ်ပျက်ပုံနှင့်တူ၏။ မုန် ညင်းစေ့ကိုလူတစ်ယောက်သည်ယူ၍မိမိ၏ ဥယျာဉ်တွင်စိုက်၏။ ထိုအစေ့မှအပင်ပေါက် ၍ကြီးမားလာသဖြင့် ထိုအပင်၏အကိုင်း အခက်များတွင်ငှက်များနားနေရကြ၏'' ဟုမိန့်တော်မူ၏။
ရှင်လုကာ 13:18-19 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့ကြောင့် ကိုယ်တော်က“ဘုရားသခင်၏နိုင်ငံတော်သည် မည်သည့်အရာနှင့်တူသနည်း။ ၎င်းကို မည်သည့်အရာနှင့်ခိုင်းနှိုင်းရမည်နည်း။ ၎င်းသည် မုန်ညင်းနက်စေ့နှင့်တူ၏။ လူတစ်ဦးသည် ထိုအစေ့ကိုယူ၍ မိမိဥယျာဉ်ထဲ၌ကြဲသောအခါ ထိုအစေ့သည် အပင်ပေါက်ကြီးထွား၍ အပင်ကြီးဖြစ်လာကာ မိုးကောင်းကင်ငှက်တို့သည် ၎င်း၏အကိုင်းများတွင် အသိုက်ဖွဲ့၍နေကြ၏”ဟု မိန့်တော်မူ၏။