ရှင်လုကာ 14:34-35
ရှင်လုကာ 14:34-35 Common Language Bible (BCL)
``ဆားသည်ကောင်းပေ၏။ သို့ရာတွင်ဆားမှ အငန်ကင်းပျောက်လျှင် အဘယ်သို့မျှငန်သော အရသာကိုပြန်၍မရနိုင်။- လယ်မြေအတွက်သော်လည်းကောင်း၊ မြေသြဇာ အတွက်သော်လည်းကောင်းအသုံးမဝင်တော့ ပေ။ ထို့ကြောင့်ထိုဆားကိုလူတို့စွန့်ပစ်လိုက် တတ်၏။ ကြားတတ်သောနားရှိသူတို့ကြား ကြကုန်လော့'' ဟုမိန့်တော်မူ၏။
ရှင်လုကာ 14:34-35 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဆားသည်ကောင်း၏။ သို့သော် ဆားသည် အငန်ဓာတ်ကင်းမဲ့သွားလျှင် ၎င်းကို မည်သည့်အရာဖြင့်အရသာပြန်ရှိစေမည်နည်း။ မြေကြီးအတွက်ဖြစ်စေ၊ မြေသြဇာအတွက်ဖြစ်စေ အသုံးမဝင်တော့သဖြင့် ၎င်းကို အပြင်သို့ပစ်လိုက်တတ်ကြ၏။ ကြားစရာနားရှိသောသူသည် ကြားပါစေ”ဟု မိန့်တော်မူ၏။
ရှင်လုကာ 14:34-35 Judson Bible (JBMLE)
ဆားမူကား ကောင်း၏။ သို့သော်လည်း အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။- မြေဖို့မကောင်း၊ အမှိုက်ပုံဖို့မကောင်း၊ ထိုဆားကို ပြင်သို့ပစ်လိုက်တတ်၏။ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။