YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 24:9-11

ရှင်လုကာ 24:9-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်္ချိုင်း​တော်​မှ ပြန်​သွား​ပြီးလျှင် တစ်ဆယ့်တစ်​ပါး​သော​တပည့်​တော်​နှင့် အခြား​သော​သူ​အားလုံး​တို့​အား ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကို ပြောပြ​ကြ​၏။ တမန်တော်​တို့​အား ဤ​အကြောင်းအရာ​များ​ကို​ပြောပြ​သော​သူ​တို့​မှာ မာဂဒလ​မြို့သူ​မာရိ၊ ယောဟန္န၊ ယာကုပ်​၏​မိခင်​ဖြစ်​သူ​မာရိ​မှစ၍ သူ​တို့​နှင့်အတူ​ရှိ​သော အခြား​အမျိုးသမီး​များ​ဖြစ်​ကြ​၏။ သို့သော် ထို​စကား​များ​သည် တမန်တော်​တို့​အတွက် ယုံတမ်း​စကား​ကဲ့သို့​ဖြစ်​သောကြောင့် သူ​တို့​မ​ယုံ​ကြ​ချေ။