ရှင်လုကာ 4:9-12
ရှင်လုကာ 4:9-12 Judson Bible (JBMLE)
တစ်ဖန် မာရ်နတ်သည် ယေရှုကို ယေရုရှလင်မြို့သို့ ဆောင်သွား၍၊ ဗိမာန်တော်၏ အထွတ်၌ တင်ထားပြီးလျှင်၊- ကျမ်းစာလာသည်ကား၊ သင့်ကို စောင့်ရှောက်စေခြင်းငှာ ကောင်းကင်တမန်တို့အား သင့်အဖို့ မှာထားတော်မူသည်ဖြစ်၍၊- သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှာ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်ဟု လာ၏။ ထိုကြောင့် ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင် ဤအထွတ်မှ ကိုယ်ကို အောက်သို့ ချလိုက်တော်မူပါဟု လျှောက်လေ၏။- ယေရှုကလည်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစကားရှိသည်ဟု ပြန်ပြောတော်မူ၏။
ရှင်လုကာ 4:9-12 Common Language Bible (BCL)
မာရ်နတ်သည်သခင်ယေရှုကိုယေရုရှလင်မြို့သို့ ခေါ်ဆောင်၍သွားပြီးလျှင် ဗိမာန်တော်ထိပ်ဖျားတွင် နေစေပြီးလျှင် ``ကိုယ်တော်သည်ဘုရားသခင်၏ သားတော်ဖြစ်လျှင်ဤနေရာမှအောက်သို့ခုန်ချ ပါလော့။- ကျမ်းစာတော်တွင် `သင့်ကိုစောင့်ရှောက်စေရန် ဘုရားသခင်သည်ကောင်းကင်တမန်များအား အမိန့်ပေးတော်မူမည်' ဟူ၍လည်းကောင်း၊- `သင်၏ခြေသည်ကျောက်နှင့်မထိခိုက်စေခြင်း ငှာ ကောင်းကင်တမန်တို့သည်လက်ဖြင့်သင့်ကို ပွေ့ချီကြလိမ့်မည်' ဟူ၍လည်းကောင်းပါရှိ၏'' ဟုလျှောက်၏။ သခင်ယေရှုက ``သင်သည်ဘုရားသခင်ထာဝရ ဘုရားအားစစ်ဆေးစမ်းသပ်မှုမပြုရဟု ကျမ်းစာလာ၏'' ဟုပြန်လည်ဖြေကြားတော် မူ၏။
ရှင်လုကာ 4:9-12 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် မာရ်နတ်သည် ကိုယ်တော်ကို ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွား၍ ဗိမာန်တော်ထိပ်ဖျား၌ရပ်စေပြီးလျှင် “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤနေရာမှ အောက်သို့ခုန်ချပါ။ အကြောင်းမှာ ‘သင့်ကိုစောင့်ရှောက်စေရန် ဘုရားသခင်သည် မိမိ၏ကောင်းကင်တမန်တို့ကို သင့်အဖို့မိန့်မှာတော်မူမည်ဖြစ်၍ သင်၏ခြေကို ကျောက်နှင့်မထိမခိုက်စေရန် သူတို့သည် သင့်ကို လက်ဖြင့် ချီပင့်ကြလိမ့်မည်’ဟူ၍ကျမ်းစာ၌ရေးထားသည်”ဟု လျှောက်လေ၏။ ယေရှုကလည်း“ ‘သင်၏ဘုရားသခင်ထာဝရဘုရားကို အကဲမစမ်းရ’ဟူ၍ မိန့်တော်မူထားသည်”ဟု ပြန်၍မိန့်တော်မူ၏။