မာလခိ 1:6
မာလခိ 1:6 Common Language Bible (BCL)
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ယဇ် ပုရောဟိတ်တို့အား``သားသည်ဖခင်အား လည်းကောင်း၊ အစေခံသည်သခင်အားလည်း ကောင်းရိုသေလေးစား၏။ ငါသည်သင်တို့၏ ဖခင်ဖြစ်ပေသည်။ အဘယ်ကြောင့်သင်တို့ ငါ့အားမရိုသေကြပါသနည်း။ ငါသည် သင်တို့၏သခင်ဖြစ်ပေသည်။ အဘယ်ကြောင့် သင်တို့ငါ့အားမလေးစားကြပါသနည်း။ သင်တို့သည် ငါ့အားမထီမဲ့မြင်ပြုပြီး လျှင်``ကိုယ်တော်ရှင်အားကျွန်တော်မျိုးတို့ အဘယ်သို့မထီမဲ့မြင်ပြုမိကြပါသ နည်း'' ဟုမေးလျှောက်ကြ၏။
မာလခိ 1:6 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အို နာမတော်ကိုမထီမဲ့မြင်ပြုသောယဇ်ပုရောဟိတ်တို့၊ သားသည် ဖခင်ကိုလည်းကောင်း၊ ကျွန်သည် သခင်ကိုလည်းကောင်း ရိုသေလေးစားတတ်၏။ ငါသည် ဖခင်ဆိုလျှင် ငါ့ကို မည်သူရိုသေလေးစားသနည်း။ ငါသည် သခင်ဆိုလျှင် ငါ့ကို မည်သူကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမေးတော်မူလျှင် သင်တို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ကို မည်သို့မထီမဲ့မြင်ပြုပါသနည်း’ဟု ပြန်မေးလျှောက်ကြ၏။
မာလခိ 1:6 Judson Bible (JBMLE)
သားသည် အဘကို ရိုသေတတ်၏။ ကျွန်သည် သခင်ကို ကြောက်ရွံ့တတ်၏။ ငါသည် အဘမှန်လျှင်၊ ငါ့ကို အဘယ်သူ ရိုသေသနည်း။ သခင်မှန်လျှင်၊ အဘယ်သူကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် နာမတော်ကို မထီမဲ့မြင်ပြုသော ယဇ်ပုရောဟိတ်တို့အား မေးတော်မူ၏။ အကျွန်ုပ်တို့သည် နာမတော်ကို အဘယ်သို့ မထီမဲ့မြင်ပြုပါသနည်းဟု သင်တို့မေးရာတွင်၊