YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 13:18-23

ရှင်မဿဲ 13:18-23 Judson Bible (JBMLE)

မျိုး​စေ့​ကြဲ​သော​သူ၏ ဥ​ပ​မာ​အ​နက်​အ​ဓိ​ပ္ပာယ်​ကို နား​ထောင်​ကြ​လော့။- လမ်း၌ အ​စေ့​ကို​ကြဲ​ခြင်း အ​ကြောင်း​အ​ရာ​ကား၊ နိုင်​ငံ​တော်၏ တ​ရား​စ​ကား​ကို​ကြား၍ နှ​လုံး​မ​သွင်း​သည် ရှိ​သော်၊ နတ်​ဆိုး​လာ၍ နှ​လုံး၌​ကြဲ​သော​အ​စေ့​ကို နုတ်​ယူ​တတ်​သည်​ဟု ဆို​လို​သ​တည်း။- ကျောက်​ပေါ​သော​အ​ရပ်၌ အ​စေ့​ကို​ကြဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို​ကြား၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ချက်​ချင်း​ခံ​ယူ​သော်​လည်း၊- စိတ်​နှ​လုံး၌ အ​မြစ်​မ​စွဲ၊ ခ​ဏ​သာ​တည်​သ​ဖြင့်၊ တ​ရား​စ​ကား​ကြောင့် အ​မှု​အ​ခင်း​နှင့် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော​အ​ခါ ချက်​ချင်း​ဖောက်​ပြန်​တတ်​သည်​ဟု ဆို​လို​သ​တည်း။- ဆူး​ပင်​တို့​တွင် အ​စေ့​ကို​ကြဲ​ခြင်း အ​ကြောင်း​အ​ရာ​ကား တ​ရား​စ​ကား​ကို​ကြား၍ လော​ကီ​အ​မှု၌ စိုး​ရိမ်​ခြင်း​နှင့် စည်း​စိမ်​ဥ​စ္စာ၏ လှည့်​စား​ခြင်း​သည် တ​ရား​စ​ကား​ကို လွှမ်း​မိုး​ညှဉ်း​ဆဲ​တတ်​သော​ကြောင့် အ​သီး​မ​သီး​နိုင်​ဟု ဆို​လို​သ​တည်း။- ကောင်း​သော​မြေ၌ အ​စေ့​ကို​ကြဲ​ခြင်း အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို​ကြား၍ နှ​လုံး​သွင်း​သ​ဖြင့်၊ အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ​တစ်​ရာ​ပွား​များ၍ အ​သီး​သီး​တတ်​သည်​ဟု ဆို​လို​သ​တည်း​ဟု မိန့်​တော်​မူ၏။

ရှင်မဿဲ 13:18-23 Common Language Bible (BCL)

``ထို့​ကြောင့်​မျိုး​ကြဲ​သူ​၏​ပုံ​ဥ​ပ​မာ​အ​နက် အဋ္ဌိပ္ပါယ်​ကို​နား​ထောင်​ကြ​လော့။- လမ်း​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​နိုင်​ငံ​တော် အ​ကြောင်း​တ​ရား​တော်​ကို​ကြား​သော်​လည်း​နား မ​လည်​သူ​တို့​နှင့်​တူ​၏။ သူ​တို့​၏​စိတ်​နှ​လုံး​တွင် ကြဲ​ထား​သည့်​တ​ရား​တော်​မျိုး​စေ့​ကို​စာ​တန် သည်​လာ​၍​ယူ​ငင်​သွား​၏။- ကျောက်​ခံ​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​တ​ရား​တော် ကို​ကြား​လျှင်​ကြား​ချင်း​ဝမ်း​မြောက်​စွာ​ခံ​ယူ​သူ​တို့ ကို​ဆို​လို​၏။- သို့​သော်​တ​ရား​တော်​သည်​သူ​တို့​၏​စိတ်​နှ​လုံး​တွင် အ​မြစ်​မ​စွဲ။ ကာ​လ​အ​နည်း​ငယ်​သာ​တည်​နေ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​တ​ရား​တော်​ကြောင့်​ဒုက္ခ​နှင့် နှိပ်​စက်​ညှဉ်း​ပန်း​မှု​ကို​တွေ့​ကြုံ​ရ​သော​အ​ခါ ချက်​ချင်း​ပင်​ဖောက်​ပြန်​သွား​ကြ​၏။- ဆူး​တော​တွင်​ကျ​သည့်​မျိုး​စေ့​များ​သည်​တ​ရား တော်​ကို​ကြား​၍​အ​သီး​အ​ပွင့်​မ​ဖြစ်​ထွန်း​စေ နိုင်​သော​သူ​တို့​ကို​ဆို​လို​၏။ သူ​တို့​၏​စိုး​ရိမ်​ကြောင့် ကြ​မှု​များ​နှင့်​စည်း​စိမ်​ချမ်း​သာ​ခံ​စား​လို​မှု များ​က​တ​ရား​တော်​မျိုး​စေ့​ကို​လွှမ်း​မိုး​သ​ဖြင့် မည်​သို့​မျှ​မ​သီး​မ​ပွင့်​နိုင်​ချေ။- မြေ​ကောင်း​မြေ​သန့်​တွင်​ကျ​သည့်​မျိုး​စေ့​ကား တ​ရား​တော်​ကို​ကြား​၍​နား​လည်​သူ​တို့​ကို​ဆို လို​၏။ သူ​တို့​သည်​အ​ဆ​တစ်​ရာ၊ အ​ဆ​ခြောက် ဆယ်၊ အ​ဆ​သုံး​ဆယ်​အ​သီး​အ​နှံ​များ​ကို ဆောင်​ကုန်​၏'' ဟု​မိန့်​တော်​မူ​သည်။

ရှင်မဿဲ 13:18-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် မျိုးကြဲ​သော​သူ​၏​ပုံ​ဥပမာ​ကို သင်​တို့​နားထောင်​ကြ​လော့။ မည်သူမဆို နိုင်ငံ​တော်​နှင့်ဆိုင်သော​တရား​စကား​ကို​ကြား​၍ နား​မ​လည်​ဘဲ​နေ​လျှင် မာရ်နတ်​သည်​လာ​၍ သူ​၏​စိတ်နှလုံး​ထဲ၌​ကြဲ​ထား​သော​အရာ​ကို လုယူ​လေ​၏။ လမ်း​ဘေး​တွင်​ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ ထိုသို့သော​သူ​ကို​ဆို​လို​၏။ ကျောက်​ပေါများ​သော​နေရာ​တွင်​ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​၍ ဝမ်းမြောက်​စွာ​ဖြင့် ချက်ချင်း​လက်ခံ​သော​သူ​ကို​ဆို​လို​၏။ သို့သော် သူ​၌​အမြစ်​မ​စွဲ​သဖြင့် ခဏ​သာ​ခံ​၏။ တရား​စကား​ကြောင့် ဆင်းရဲ​ဒုက္ခ၊ သို့မဟုတ် ညှဉ်းဆဲ​ခြင်း​ရောက်လာ​သောအခါ ချက်ချင်း​စိတ်ပျက်​သွား​လေ​၏။ ဆူးပင်​တို့​တွင် ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​သော်လည်း လောကီရေးရာ​၌​စိုးရိမ်​ပူပန်​ခြင်း​နှင့် စည်းစိမ်​၏​လှည့်ဖြား​ခြင်း​တို့​က တရား​စကား​ကို ကာဆီး​ပိတ်ဆို့​သဖြင့် အသီး​မ​သီး​သော​သူ​ကို​ဆို​လို​၏။ ကောင်း​သော​မြေ​ပေါ်၌ ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​၍ နားလည်​သော​သူ​ကို​ဆို​လို​၏။ ထိုသို့သော​သူ​သည် အမှန်ပင် အသီး​သီး​၍ အချို့​သည် အဆ​တစ်ရာ၊ အချို့​သည် အဆ​ခြောက်ဆယ်၊ အချို့​သည် အဆ​သုံးဆယ် သီး​လေ​၏”​ဟု မိန့်​တော်မူ​၏။