YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 26:17-20

ရှင်မဿဲ 26:17-20 Judson Bible (JBMLE)

အ​ဇု​မ​ပွဲ​ပ​ထ​မ​နေ့၌ တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ပ​သ​ခါ​ပွဲ​ကို စား​တော်​မူ​ဖို့​ရာ အ​ဘယ်​အ​ရပ်၌ အ​ကျွန်ုပ်​တို့​သည် ပြင်​ဆင်​စေ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊- ကိုယ်​တော်​က၊ မြို့​တွင် ဤ​မည်​သော​သူ၏​အိမ်​သို့ သွား​ကြ၊ ဆ​ရာ​မှာ​လိုက်​သည်​ကား၊ ငါ့​အ​ချိန်​နီး​ပြီ။ သင့်​အိမ်၌ ငါ့​တ​ပည့်​တို့​နှင့်​တ​ကွ ပ​သ​ခါ​ပွဲ​ကို ငါ​ခံ​မည်​ဟု ထို​သူ​ကို ပြော​ကြ​လော့​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​သည် စီ​ရင်​တော်​မူ​သည်​အ​တိုင်း​ပြု၍ ပ​သ​ခါ​ပွဲ​ကို ပြင်​ဆင်​ကြ၏။ ညဉ့်​ဦး​ယံ​အ​ချိန်​ရောက်​မှ တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​နှင့် အ​တူ စား​ပွဲ၌​လျောင်း​တော်​မူ၏။

ရှင်မဿဲ 26:17-20 Common Language Bible (BCL)

တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ပ​ထ​မ​နေ့​၌​တ​ပည့်​တော် တို့​သည်​သ​ခင်​ယေ​ရှု​ထံ​တော်​သို့​လာ​၍ ``အ​ရှင့် အ​တွက်​ပ​သ​ခါ​ပွဲ​ည​စာ​ကို​အ​ကျွန်ုပ်​တို့ အ​ဘယ်​အ​ရပ်​တွင်​ပြင်​ဆင်​ရ​ပါ​မည်​နည်း'' ဟု မေး​လျှောက်​ကြ​၏။ ကိုယ်​တော်​က ``မြို့​ထဲ​သို့​ဝင်​၍​ဤ​မည်​သော​သူ​ထံ သို့​သွား​၍​ဆ​ရာ​တော်​က `ငါ့​အ​တွက်​သတ်​မှတ် ထား​သည့်​အ​ချိန်​ရောက်​လာ​ပြီ​ဖြစ်​၍​ငါ့​တ​ပည့် များ​နှင့်​အ​တူ​သင်​၏​အိမ်​တွင်​ပ​သ​ခါ​ပွဲ​ကို ကျင်း​ပ​လို​သည်' ဟု​မှာ​ကြား​လိုက်​ကြောင်း​ပြော ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း​ကိုယ်​တော်​မိန့်​တော်​မူ သည်​အ​တိုင်း​လိုက်​နာ​ဆောင်​ရွက်​၍​ပ​သ​ခါ​ပွဲ ကို​အ​သင့်​ပြင်​ကြ​၏။ ည​ချမ်း​အ​ချိန်​ရောက်​သော်​ကိုယ်​တော်​သည်​တစ်​ကျိပ် နှစ်​ပါး​တို့​နှင့်​အ​တူ​စား​ပွဲ​တွင်​ထိုင်​၍​ည​စာ​စား တော်​မူ​၏။

ရှင်မဿဲ 26:17-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တဆေးမဲ့​မုန့်​ပွဲတော်​၏​ပထမ​နေ့​တွင် တပည့်​တော်​တို့​သည် ယေရှု​ထံသို့​ချဉ်းကပ်​၍ “ပသခါ​ပွဲတော်​ညစာ​ကို ကိုယ်တော်​သုံးဆောင်​ရန် အကျွန်ုပ်​တို့​အား မည်သည့်​နေရာ​၌ ပြင်ဆင်​စေ​လို​ပါ​သနည်း”​ဟု မေးလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“မြို့​ထဲသို့​သွား​၍ တစ်​ယောက်​သော​သူ​အား ‘ငါ​၏​အချိန်​နီး​ပြီ။ ပသခါ​ပွဲတော်​ကို သင့်​ထံ၌ ငါ​၏​တပည့်​များ​နှင့်အတူ​ကျင်းပ​မည်’​ဟူ၍ ဆရာ​က​မှာ​လိုက်​သည်​ဟု ထို​သူ​အား ပြော​ကြ​လော့”​ဟူ၍ မိန့်​တော်မူ​၏။ ထို့ကြောင့် တပည့်​တော်​တို့​သည် မိမိ​တို့​အား ယေရှု​မိန့်မှာ​တော်မူ​သည့်​အတိုင်း ဆောင်ရွက်​ကြ​ပြီး ပသခါ​ပွဲတော်​ကို​ပြင်ဆင်​ကြ​၏။ ညနေချမ်း​အချိန်​ရောက်​သောအခါ ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​နှင့်အတူ စားပွဲ​၌​ထိုင်​တော်မူ​၏။